သူ မတူဘဲ တစ်မူထူးခြားတဲ့ အသံဖြင့် တစ်ခေတ်တစ်ခါက အနှစ်သာရရှိလွန်းပြီး အဓိပ္ပာယ်ရှိသော ၊ ရင်ထဲစွဲမြဲစေသော သီချင်းများကို ပရိသတ်ခံစားချက်နဲ့ တစ်ထပ်တည်းကျအောင် ဖန်တီးခဲ့တဲ့ သီချင်းတို့ရဲ့ ပဲ့ကိုင်ရှင် အနုပညာရှင်ကြီးလို့ဆိုလာရင် အားလုံးချစ်ကြတဲ့ အဆိုတော် စိုးလွင်လွင် ကိုပဲပြေးမြင်မိကြမှာပါ။


အဆိုတော် စိုးလွင်လွင် ကို (၁၉၆၂) ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ဦးစိုးလွင်လွင် ဟာ (၁၉၈၀)ခုနှစ်များမှာ ပရိသတ်တွေအကြား ဩချရလောက်အောင် ထင်ပေါ်ကျော်ကြားရေပန်းစားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်ခဲ့ပါတယ်။ သူရေးသားသီဆိုခဲ့တဲ့ သီချင်းတွေဟာလည်း ခုခေတ် လူငယ်တွေအထိကို ကျော်ကြားနေဆဲ ၊ ရေပန်းစားနေဆဲဖြစ်ပါတယ်။


အရမ်းကိုတော်သော၊ ထူးချွန်သော အဆိုတော် စိုးလွင်လွင် ဟာ နှလုံးရောဂါဖြင့် (၂၅.၇.၁၉၉၉)ခုနှစ်က ရန်ကုန်မှာ ကွယ်လွန်ခဲ့ပါတယ်။ ဒီကနေ့ ဟာ ဦးစိုးလွင်လွင် ကွယ်လွန်ခြင်း(၂၃)နှစ်ပြည့်အမှတ်တရနေ့ဖြစ်ပါတယ်။ ဦးစိုးတစ်ယောက် အနုပညာထွန်းကားတဲ့နေရာ ၊ အနုပညာရှင်ကိုတန်ဖိုးထားတဲ့နေရာမှာ ချစ်ရတဲ့အနုပညာတွေနဲ့ ရှင်သန်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။










