အမေရိကန် အဆိုတော် တေးရေးဆရာ Charlie Puth ဟာ သူနဲ့ BTS Jungkook တို့ရဲ့ ပူးပေါင်းမှုဖြစ်တဲ့ “Left and Right” ရဲ့ MTV ဟာ BL (Boy Love) ဆက်ဆံရေးကို ပုံဖော်ထားကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က သူတို့နှစ်ယောက်ရဲ့ မျှော်မှန်းထားတဲ့ collab song ကို ဖြန့်ချိခဲ့ပြီး အဲ့တာနဲ့အတူ ကျွန်ုပ်တို့အားလုံး သဘောကျနေတဲ့ ဂီတဗီဒီယိုတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။MTV ထဲမှာ Charlie Puth ဟာ တစ်စုံတစ်ယောက်အား "သူ့ခေါင်းထဲက ထုတ်ပစ်ရန်" ရုန်းကန်နေရပြီး "Love Doctor" ဆီသွားပြဖို့ ကြိုးပမ်းနေရတဲ့ ဇာတ်ကောင်တစ်ခုအဖြစ်တွေ့ရပြီး Charlie Puth ရဲ့ ဇာတ်လမ်းဇာတ်ကြောင်းကို တွေ့ရပါတယ်။
ဒါပေမယ့် ဒီဗီဒီယိုထဲက တစ်ဦးတည်းသောလူကတော့ Jungkook ဖြစ်ပါတယ်။ ဒ့ါကြောင့်ပဲ ကြည့်ရှုသူများဟာ အချစ်သီချင်းနဲ့ သူ့ရဲ့ MV ဟာ အမျိုးသားနှစ်ဦးကြားဆက်ဆံရေးကို ကိုယ်စားပြုတာ အမှန်တကယ်ဆိုတာလား သိချင်နေကြပါတယ်။ပြီးတော့လည်း MV ဟာ Pride Month အတွင်းမှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။

Charlie Puth နဲ့ Jungkook တို့ဟာ ဖန်သားပြင်ပေါ်မှာ လိုက်ဖက်ညီညီနဲ့ ပိုမိုပံ့ပိုးပေးနိုင်ခဲ့တယ် ဆိုတာကိုလည်း ငြင်းလို့မရပါဘူး။ယခုအခါမှာတော့ Charlie Puth နဲ့ Jungkook တို့ရဲ့ ဂီတဗီဒီယိုထဲက ဇာတ်ကောင်တွေရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်လို့ Puth ကိုယ်တိုင် အတည်ပြုလိုက်ပြီဖြစ်ပါတယ်။Charlie Puth ဟာ MV ရဲ့ YouTube comment မှ Instagram Stories ကို မှတ်ချက်တစ်ခုကို ပြန်လည်တင်ခဲ့ပြီး လိင်တူချစ်သူ ဇာတ်ကောင်များနှင့် အချင်းချင်းကြား သူတို့ရဲ့ ဆက်ဆံရေးကို ချီးကျူးတဲ့အပိုင်းကို မီးမောင်းထိုးပြခဲ့ပါတယ်။ ပရိသတ်များအနေနဲ့ကတော့ အခုအချိန်မှာ "Left and Right" ပိုပြီး တန်ဖိုးထားလာကြပါတယ်။