ကွယ်လွန်သူ ခင်ပွန်းသည်ရဲ့ ၃ နှစ်ပြည့်နေ့လေးမှာ သတိတရနဲ့ အလှူလေးတစ်ခု ပြုလုပ်ပေးခဲ့တဲ့ ဝါဝါဝင်းရွှေ

//s9.kh1.co/c9/c9c6b9e09fe8ff672e7428035c3436b197236a1b.jpg
အနုပညာရှင်များ

 ၂၃-လိုင်-၂၀၂၂ ၆pm · လွန်ခဲ့သော ၂ နှစ် က

.

တစ်ချိန်တုန်းက အနုပညာလောကမှာ အောင်မြင်မှုသရဖူကို ဆောင်းနိုင်ခဲ့တဲ့ မင်းသမီးကြီး ဝါဝါဝင်းရွှေကတော့ ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမဟာ အနုပညာအလုပ်တွေကို အကောင်းဆုံးကြိုးစား လုပ်ကိုင်ပြီး လက်ရှိမှာ ချစ်ရတဲ့ မိသားစုနဲ့ အတူ အေးချမ်းစွာ ဘဝကို ဖြတ်သန်းနေတာ တွေ့ရပါတယ်။

Photo Credit - Wa Wa Win Shwe
Photo Credit - Wa Wa Win Shwe
Photo Credit - Wa Wa Win Shwe
Photo Credit - Wa Wa Win Shwe

မင်းသမီးကြီး ဝါဝါဝင်းရွှေရဲ့ ခင်ပွန်းသည် ကတော့ လူလောကထဲကနေ အပြီးအပိုင်ထွက်သွားခဲ့တာဟာ ယခုဆိုရင် ၃ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ သူမဟာ သွားလေသူ ခင်ပွန်းသည်ကို ယနေ့အချိန်ထိ အမြဲသတိရနေပြီး မကြာခဏ ဆိုသလို အလှူအတန်းတွေ ပြုလုပ်ပေးပါတယ်။ ဒီကနေ့မှာလည်း မင်းသမီးကြီး ဝါဝါဝင်းရွှေက ကွယ်လွန်ခြင်း ၃ နှစ်ပြည့်သွားတဲ့ ခင်ပွန်းသည်အတွက် သတိတရနဲ့ ကောင်းမှုကုသိုလ် ပြုလုပ်ပေးခဲ့ပါတယ်။

Photo Credit - Wa Wa Win Shwe
Photo Credit - Wa Wa Win Shwe
Photo Credit - Wa Wa Win Shwe
Photo Credit - Wa Wa Win Shwe
Photo Credit - Wa Wa Win Shwe
Photo Credit - Wa Wa Win Shwe

ဒါကတော့ ခင်ပွန်းသည် ရှိခဲ့စဥ်က အတူတူလှူဒါန်းခဲ့ဖူးတဲ့ ပဉ်နနိကာယျ ကျောင်း တိုက်ကနာယကဆရာတော်ကြီးတွေကိုပင့်ဖိတ်ပြီးဝါဆိုသင်္ကန်း၊ ဝါဆိုဆွမ်း နဲ့ နဝကမ္မ ဆက်ကပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ဒီအလှူလေးကိုလည်း ဘဝဟောင်းစွန့်ပြီး ဘဝသစ်သို့ကူးပြောင်းသွားတဲ့ ခင်ပွန်းသည် နဲ့တကွ ဘဝသံသရာပေါင်းများစွာ မှတော်စပ်ခဲ့ဘူးကြသော ဆွေတော်ရှစ်သောင်းမျိုးတော်အပေါင်းအား အမျှပေးဝေခဲ့တာ တွေ့ရပါတယ်။ ဒီကုသိုလ်ကောင်းမှုကို ပရိသတ်တွေလည်း ထပ်တူသာဓုခေါ်နိုင်အောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=600,h=868,q=100/42/4200add7f74bc1ae16964edc0136242ff56d18e9.jpg
Photo Credit - Wa Wa Win Shwe
Photo Credit - Wa Wa Win Shwe

သတင်း အရင်းအမြစ်Source - Wa Wa Win Shwe

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T