ချစ်ဖို့ကောင်းပြီး နားလည်မှုအပြည့်ရှိတဲ့ ကောင်မလေးကို ပိုင်ဆိုင်ထားကြောင်း ပြောပြလာတဲ့ James Jirayu

//s9.kh1.co/39/3905a6931ef35574ec3fcd66454d5bbf8aeb6740.jpg
အနုပညာရှင်များ

 ၂၃-လိုင်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ကောင်မလေးက ချုပ်တတ်လိုက်တာနော် .. တန်ဖိုးကြီး ပစ္စည်းတွေထက် JJ အနားမှာရှိနေရုံနဲ့တင် ကျေနပ်နေတာမျိုးတဲ့

JJ လို့ချစ်စနိုးနဲ့ ခေါ်ကြတဲ့ ထိုင်မင်းသားချောတစ်ယောက်ဖြစ်တဲ့ James Jirayu ကတော့ အဆိုတော်၊ မော်ဒယ် သရုပ်ဆောင် တစ်ယောက်ပဲ ဖြစ်ပါတယ်။ JJ က ချောမောတဲ့ ရုပ်ရည်လေးကို ပိုင်ဆိုင်ထားတဲ့အပြင် ပီပြင်လွန်းတဲ့ သရုပ်ဆောင်မှုတွေကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်ကျော်လေး တစ်ယောက် ဖြစ်လို့နေတာပါ။ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ပရိသတ်ကိုပွင့်ပွင့်လင်းလင်းချပြထားသူလည်း ဖြစ်ပါတယ်။

Photo Credit : daradaily.com
Photo Credit : daradaily.com
Photo Credit : daradaily.com
Photo Credit : daradaily.com

သူမရဲ့ချစ်သူကတော့ အနုပညာရှင်လောကထဲက မဟုတ်တဲ့  Nong Foam ဆိုတဲ့ ကောင်မလေးနဲ့ နှစ်တွေအချိန်အကြာကြီး တွဲနေတာပါ။ ကောင်မလေးကို ပရိသတ်ရှေ့ကို သိပ်ပြီးချပြလေ့မရှိပေမယ့် သူ့ကောင်မလေးကြောင့် အချစ်ရေးမှာ အရမ်းကို ကံကောင်းတဲ့သူဖြစ်ကြောင်းကိုတော့ ပြောပြလေ့ရှိပါတယ်။

Photo Credit : daradaily.com
Photo Credit : daradaily.com
Photo Credit : daradaily.com
Photo Credit : daradaily.com

“Foam က ကျွန်တော့်အတွက် အရမ်းကိုချစ်ဖို့ကောင်းပြီး နားလည်မှုအပြည့်ရှိတဲ့ ကောင်မလေးပါ။ နှစ်ယောက်သား‌ အေးအေးဆေးဆေးဘဝကို ဖြတ်သန်းနေရရုံနဲ့တင် သူမက ကျေနပ်နေပြီ။ ကျွန်တော် လက်ဆောင်တွေပေးရင်လည်း တန်ဖိုးကြီးတွေမပေးရင်တောင် ကျွန်တော်က အနားမှာရှိပြီး ဂရုစိုက်ရင်တောင် ကျေနပ်နေတာမျိုးဗျ။ နှစ်ယောက်တွဲပုံတွေကို သိပ်ပြီးတင်လေ့မရှိဘူးဆိုတာကလည်း မလိုလားအပ်တဲ့ အပြောအဆိုတွေကို ကောင်မလေးကို အပြောမခံချင်လို့ပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး Foam က ကျွန်တော့်ကို ဘာမှမပြောဘူး နားလည်ပေးထားတယ်။” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit : daradaily.com
Photo Credit : daradaily.com
Photo Credit : daradaily.com
Photo Credit : daradaily.com

သတင်း အရင်းအမြစ် daradaily.com

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T