ဆယ်စုနှစ်လောက်ကတည်းက အနုပညာနယ်ပယ်မှာ နေရာတစ်နေရာကို ရပ်တည်ပြီး အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းလာတဲ့ သူကတော့ မင်းသမီး မိုးပြည့်ပြည့်မောင်ပဲ ဖြစ်ပါတယ်။ မိုးပြည့်ပြည့်မောင် ဟာ ဗီဒီယို ဇာတ်ကားများစွာလည်းထွက်ရှိထားပြီး သဘာဝကျတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အခိုင်အမာရရှိထားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်လည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန် ဆက်လက်လုပ်ကိုင်နေတဲ့အပြင် live Sale တွေမှာ မကြာခဏ တွေ့မြင်ရပါတယ်။ အခုမှာတော့ မိုးပြည့်ပြည့်မောင်က သူမရဲ့ လူမှုကွန်ယက်မှာ ချစ်အားပိုစေတာလေးကို ဖော်ပြလာတာ တွေ့ရပါတယ်။ ဒါကတော့ ဒီကနေ့မှာ သူမရဲ့ ဘဝမှာ အချစ်ရဆုံး အမျိုးသမီးနှစ်ယောက်ရဲ့ မွေးနေ့ရက်မြတ်လေးကျရောက်ခဲ့လို့ မွေးနေ့ဆုမွန်ကောင်း တောင်းပေးထားတာ ဖြစ်ပါတယ်။

အဲ့အမျိုးသမီးနှစ်ယောက်က အခြားသူတော့ မဟုတ်ပါဘူး။ သူမရဲ့ မိခင်ဖြစ်သူ နှင့် အချစ်ဆုံး သူငယ်ချင်း ဖြစ်တဲ့ သက်မွန်မြင့် တို့ ဖြစ်ပါတယ်။ မင်းသမီး သက်မွန်မြင့်ကတော့ ဒီကနေ့ ဇူလိုင်လ ၂၃ ရက်နေမှာ အသက် ၄၀ နှစ် ပြည့် မွေးနေ့ရက်မြတ်လေးကို ကျရောက်ခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ လူမှုကွန်ယက်မှာတော့ "ဒီနေ့လေးဟာကျမဘဝရဲ့အချစ်ဆုံးအမျိုးသမီးနှစ်ယောက်ရဲ့မွေးနေ့လေးပါ-happy birthdayပါမေမေနဲ့အချစ်ဆုံးbffကြီးရေ...ကျန်းမာပျော်ရွှင်စွာနဲ့လိုရာဆန္ဒတွေပြည့်ဝကြပါစေလို့ဆုတောင်းပေးပါတယ်ရှင်" ဆိုပြီး ရေးသားထားပါတယ်။ ပရိသတ်တွေလည်း ဒီကနေ့မှာ ကျရောက်တဲ့ မိုးပြည့်ပြည့်မောင် ရဲ့ အချစ်ဆုံးအမျိုးသမီး နှစ်ယောက်ရဲ့ မွေးနေ့လေးကို ဆုမွန်ကောင်းတောင်းပေးကြပါဦး။


သတင်း အရင်းအမြစ်៖ Source - မိုးပြည့်ပြည့်မောင်