ပရိတ်ချစ်ရတဲ့ မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ နဝရတ်ကတော့ တချိန်က အနုပညာလောကမှာလျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့သူဖြစ်သလို ဖက်ရှင်ပိုင်းမှာလည်း ခေတ်ရှေ့ပြေးတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ခဲ့တာပါ။ ပရိသတ်တွေ လက်ခံအားပေးတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း အများကြီးရိုက်ကူးခဲ့သူဖြစ်သလို နဝရတ်ပါတဲ့ကားဆိုရင် ပရိသတ်တွေက အကြိုက်တွေ့ပြီးသားပါ။


နဝရတ်ဟာ အနုပညာလုပ်ရှားမှုတွေ လုပ်နေစဉ်က သရုပ်ဆောင်သာမက သီချင်းလည်းဆိုခဲ့ပါသေးတယ်။စီးပွားရေးဖက်မှာလည်း အောင်မြင်နေသူတစ်ဦးဖြစ်ပြီး အခုလက်ရှိအထိလည်း နုပျိုနေဆဲ ဖြစ်ပါတယ်နော်။ရုပ်ရှင်သရုပ်ဆောင် နဝရတ်ကတော့ အနုပညာ လုပ်ငန်းတွေလုပ်ကိုင်ခြင်းမရှိတော့ပေမယ့် ပရိသတ်အများအပြားရဲ့ အားပေးမှုကို ရရှိနေဆဲဖြစ်တဲ့ ပြည်သူချစ် အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။


ပရိတ်တွေနဲ့လည်း အချိန်တော်တော်ကြာကြာအဆက်အသွယ်ပျက်သွားခဲ့တဲ့ နဝရတ်ဟာ မနေ့က သူမရဲ့ ဆိုရှယ်မီဒီယာကနေတစ်ဆင့်သူမရဲ့ ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို နှုတ်ဆက်လာခဲ့ပါတယ်။


နဝရတ်က “Longtime no see naw. ကလေးတွေကိုပါအလွမ်းပြေလေးကြည့်ရအောင်ပုံများများလေးတင်ပေးလိုက်တယ်နော်” ဆိုပြီး သူ့ရဲ့ အချစ်တော်ခွေးလေးနဲ့အတူ ရိုက်ကူးထားတဲ့ ပုံလေးတွေကိုပါ မျှဝေထားခဲ့တာပဲဖြစ်ပါတယ်။




Source – Nawaratt KO KO’s FB Acc





