မျက်နှာပြောင်တဲ့ သမီးလေး "ခိုင် ဟေသာမေ" ကို ချစ်မဝဖြစ်နေတဲ့ မေမေခိုင်နှင်းဝေ

//s9.kh1.co/d0/d0c30138b4e1d4b27c14a66b6f199ac38aa21793.jpeg
အနုပညာရှင်များ

 ၂၂-လိုင်-၂၀၂၂ ၆pm · လွန်ခဲ့သော ၄ နှစ် က

မျက်နှာပြောင်ချက်ကတော့ Diaper ကြီးကို ခေါင်းပေါ်မှာကို စွပ်ထားတော့တာပဲ ..

ပရဟိတ မင်းသမီးကြီး ခိုင်နှင်းဝေကတော့ အကြောင်း အမျိုးမျိုးကြောင့် စွန့်ပစ်ခံရတဲ့ ကလေးငယ်တွေကိုတရားဝင် ခေါ်ယူ မွေးစား ပြုစုစောင့်ရှောက် ပေးနေတာကို ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။ ကလေးတွေကို သူ့ရဲ့ သားသမီးအရင်းတွေပမာ ဝေယျာဝစ္စတွေကအစ သူကိုယ်တိုင် လုပ်ကိုင်ပြီး မေတ္တာအပြည့်နဲ့ စောင့်ရှောက်နေခဲ့တာပဲဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=852,q=100/07/0765addc511e27c65b1307ad2db75c087b76df5c.jpeg
https://s9.kh1.co/__image/w=650,h=867,q=100/ae/aed83bc88d7a57714f4d26a34e39e4ab53b5f53b.jpeg

ဒါ့အပြင် လိုအပ်တဲ့နေရာတွေကိုလည်း တတ်နိုင်သလောက် လှူဒါန်းပေးနေတာဖြစ်ပြီး ပြည်သူတွေရဲ့ ကွက်လပ်လေးတွေကို ဖြည့်ဆည်းပေးနေတဲ့ စိတ်ထားပြည့်ဝလွန်းသူလေးလည်း ဖြစ်ပါတယ်။ ခိုင်နှင်းဝေက ကလေးတွေနဲ့ပတ်သက်ပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အမြဲလိုလို မျှဝေဖော်ပြလေ့ရှိသူပါ။ 

https://s9.kh1.co/__image/w=650,h=867,q=100/10/1049b38f22d23578499c2e4ed341b2f5c39c4070.jpeg
https://s9.kh1.co/__image/w=650,h=867,q=100/7b/7b1517c83bdca2eee9c13e0325d0dbbeb939012f.jpeg

ဒီတစ်ခေါက်မှာတော့ ခိုင်နှင်းဝေက သမီးလေးခိုင်ဟေသာမေရဲ့ ပုံလေးတွေကို မျှဝေဖော်ပြလာခဲ့ပါတယ်။ မေမေခိုင်နှင်းဝေတစ်ယောက် မျက်နှာပြောင်လွန်းနေတဲ့ သမီးလေးကို ချစ်မဝဖြစ်နေတာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက"ခိုင် ဟေသာမေ" လေး မျက်နှာက ပြောင်တတ်နေပီ..?.....ဆရာဝန်က အဝ, လွန်နေတယ် ဆိုလို့ နို့ရော မုန့်ပါလျော့ကျွေးနေရသေးတယ်..?… " ဆိုပြီး သူမရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/39/398b110d11a5ce4af9972f5ab1b2b777ae916d4f.jpeg
https://s9.kh1.co/__image/w=650,h=867,q=100/2a/2ade812534b8922f02cb274da3b9b5dae012f9f3.jpeg
https://s9.kh1.co/__image/w=650,h=867,q=100/45/45e9e704af5edb7602c2d87226d92fc2951a3f8b.jpeg
<div><br></div><div><br></div>


Photo Credit & Source: Khine Hnin Wai’s FB Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T