အနုပညာလောကမှာ ဆယ်စုနှစ်မက အောင်မြင်ခဲ့တဲ့ ပရိသတ်တွေရဲ့အချစ်တော် ခင်ဇာခြည်ကျော်ကတော့ တစ်ချိန်က ဗီဒီယို ခေတ်မှာလည်း ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့တာ ဖြစ်ပြီး ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိလာခဲ့တဲ့ မင်းသမီး တစ်လက်ပဲ ဖြစ်ပါတယ်။


လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတာဖြစ်ပြီး သားနဲ့သမီးကိုလည်း အနုပညာလမ်းပေါ် လက်တွဲခေါ်ခဲ့တာပဲ ဖြစ်ပါတယ်။ သား နဲ့ သမီး ကလည်း အခုချိန်မှာ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေတဲ့အပြင် အောင်မြင်မှုတစ်ခုကို ရရှိပိုင်ဆိုင်နေပြီပဲ ဖြစ်ပါတယ်။


ခင်ဇာခြည်ကျော်က သားကြီးလေး ဘုန်းမင်းနေလ နဲ့ အတူ “တိမ်နှင့်ရေးတဲ့အရုပ်” ဆိုတဲ့ ဇာတ်ကားကို အတူတူ ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ မေမေခင်ဇာခြည်ကျော်က ချစ်ရတဲ့သားလေးနဲ့ အတူရိုက်ကူးရေးလုပ်နေတဲ့ ပုံလေးတွေကို မျှဝေလာတာပဲ ဖြစ်ပါတယ်။


ပရိသတ်တွေအတွက် ချစ်ဖို့ကောင်းတဲ့ သားအမိနှစ်ယောက်ရဲ့ ရှုတင်ရောက်အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။


သတင်း အရင်းအမြစ်៖ Khin Zar Chi Kyaw's FB Acc





