ရုပ်ချောပေမယ့် သရုပ်ဆောင်မကောင်းလို့ အဆင့်မမှီဘူးလို့ ဝေဖန်ခံနေရတဲ့ Cha Eun Woo...

//s9.kh1.co/7f/7f1b17c624147d2e60ee9ba2433a598e9fa75bf3.jpg
အနုပညာရှင်များ

 ၂၂-လိုင်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၄ နှစ် က

အဓိကကျတဲ့ သရုပ်ဆောင် အခန်းကဏ္ဍတွေမှာ ပါဝင်သရုပ်ဆောင်မယ့်...

Idol-သရုပ်ဆောင် Cha Eun Woo ဟာ အလွန်ချောမောပြီး ကိုရီးယား အင်တာနက်အသုံးပြုသူများထံမှ "မျက်နှာပါရမီရှင်" ဆိုတဲ့ အမည်ပြောင်ကို ရရှိထားသူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/78/7836fd6cf36c9042fe8813965136edf861673515.jpg

ကိုရီးယားဖျော်ဖြေရေးလောကမှာ ဆွဲဆောင်မှုရှိတဲ့ မင်းသား၊ မင်းသမီးတွေကို သဘောကျတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါ့ကြောင့် အဓိကကျတဲ့ သရုပ်ဆောင် အခန်းကဏ္ဍတွေမှာ ပါဝင်သရုပ်ဆောင်မယ့် သရုပ်ဆောင်တွေရဲ့ ရုပ်ရည်ဟာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=922,q=100/c0/c07391c8387292e662c0a9e1fb8acb30c92be3b2.webp

ကိုရီးယားအင်တာနက်အသုံးပြုသူများအတွက်တော့ Cha Eun Woo ဟာ ကိုရီးယားအလှအပစံနှုန်းများနဲ့ ကိုက်ညီပြီး ချို့ယွင်းချက်ကင်းတဲ့ အသွင်အပြင်နဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားပေမယ့် အငြင်းပွားဖွယ်ရာ သရုပ်ဆောင်စွမ်းရည်ကြောင့် အာရုံစိုက်တာခံနေရသူ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/d1/d15ac91a8b119766849e8b57cba5f69dea147040.jpg

Cha Eun Woo ဟာ Kpop အဖွဲ့ ASTRO ရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် ပွဲဦးမထွက်မီကပင် “To Be Continued” မီနီစီးရီးမှာပါဝင်ခဲ့ပြီး ရိုးရှင်းတဲ့ ကာရိုက်တာကို Cha Eun Woo က တောင့်တောင့်တင်းတင်းနဲ့  "ထူးခြားစွာ သရုပ်ဆောင်" ခဲ့တဲ့အတွက် ပြောဆိုနေကြဆဲဖြစ်ပါတယ်။ နောက်ပိုင်းမှာ ASTRO နဲ့ ပွဲဦးထွက်ပြီးတဲ့နောက် Cha Eun Woo ဟာ “My Romantic Some Recipe” မှာ idol အဖြစ် ဆက်လက်ပါဝင်သရုပ်ဆောင် ဖြစ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=1026,q=100/32/32bcf109006ff2272de00882878c8c5b032fb171.jpg

Cha Eun Woo ဟာ 2018လောက်မှာတော့ သရုပ်ဆောင်လောကသို့ ကောင်းစွာဝင်ရောက်ခဲ့ပြီး အောင်မြင်ကျော်ကြားတဲ့ ဒရာမာစီးရီး “My ID is Gangnam Beauty” မှာ ထိပ်တန်းသရုပ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/70/70a6eb57ae69b35215c894d9533b138530e54f00.webp

ဒါပေမယ့်လည်း အဲ့ဒီအချိန်က Idol ရဲ့သရုပ်ဆောင်စွမ်းရည်နဲ့ ပတ်သက်ပြီး ကွဲလွဲတဲ့အမြင်များစွာရှိခဲ့ပြီး အများစုက Cha Eun Woo ရဲ့ချောမောတဲ့ရုပ်ရည်ကိုသာကြည့်ကြပြီး အချို့ကလည်း သူရဲ့ဇာတ်ကောင်ဟာ အေးစက်မာကျောနေတယ်လို့ ဝေဖန်ပြောဆိုခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အပျက်သဘောဆောင်တဲ့ ပြောဆိုမှုများအားလုံးကို လျစ်လျူရှုပြီး Cha Eun Woo အနေနဲ့ အခြားသော K-drama ပရောဂျက်များမှာ အဓိကကျတဲ့ အခန်းများကို ဆက်လက်ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=1024,q=100/5c/5cfa68d22b04d75b5331e69e79d12227c0b16948.jpg

“True Beauty” ကြောင့်လည်း Cha Eun Woo ရဲ့ကျော်ကြားမှုဟာ 2020 နှောင်းပိုင်းမှ 2021 ခုနှစ်အစောပိုင်းလောက်ကစပြီး လူသိများလာခဲ့ပြီး ဒရာမာပြီးနောက်မှာ အလွန်ကျော်ကြားလာခဲ့ပါတယ်။ Cha Eun Woo ရဲ့ Instagram မှာ Follower အရေအတွက်မှာ နှစ်လအတွင်း 10 သန်းမှ 16.2 သန်းအထိ တိုးလာခဲ့ပြီး အခုအချိန်မှာ Follower အများဆုံးရှိတဲ့ ကိုရီးယား Idol များထဲမှ တစ်ဦးဖြစ်လာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=976,q=100/98/98669ec9244299f91cf41e81552194afacdf14fe.jpg

ဒါပေမယ့်လည်း သူ့ရဲ့သရုပ်ဆောင်စွမ်းရည်မှာ မတိုးတက်လာခဲ့ဘဲ ဇာတ်ပို့သရုပ်ဆောင် Hwang In Yeop ထက် များစွာနောက်ကျကျန်နေသေးတယ်လို့ ယူဆနေကြပါတယ်။

https://s9.kh1.co/__image/w=650,h=916,q=100/f0/f0329d4b1280b984eb46ed055e5a114aa4fdd4ce.jpg

Cha Eun Woo ဟာ “Island” Season 1 နဲ့ “Sweet and Sour Chicken” ဒရာမာဇာတ်လမ်းတွဲများမှာ တစ်ကျော့ပြန်ပါဝင်မယ်လို့ သိရပြီး ပရောဂျက်အသစ်မရယူမီ Cha Eun Woo အနေနဲ့ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်ကို မြှင့်တင်ရမယ်လို့ အင်တာနက်အသုံးပြုသူများက ယုံကြည်နေကြပါတယ်။

Photos-credit

Source: KBIZoom

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T