အဆိုတော်၊ မင်းသားတစ်ယောက်ဖြစ်တဲ့ Boys Over Flower(F4) ထဲက ဂျီဟိုလို့ခေါ်တဲ့ Kim Hyun-Joong ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲတစ်ယောက်ပဲ ဖြစ်ပါတယ်။


Kim Hyun-Joong က အခုနောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေ သိပ်မရှိတော့ပေမယ့် ပရိသတ်တွေကတော့ အခုအချိန်အထိချစ်ခင်အားပေးလျက်ရှိကြပါတယ်။ Kim Hyun Joong ကတော့ ရည်းစားဟောင်းဖြစ်သူကြောင့်တရားစွဲဆိုခံရပြီး ၈ နှစ်ကြာ တရားရင်ဆိုင်ခဲ့ရပြီးနောက်မှာ ပျော်ရွှင်ခဲ့တဲ့ ဘဝကို တွေ့ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။


ပြီးခဲ့သော ဖေဖော်ဝါရီ ၂၇ ရက်က Kim Hyun Joong က ချစ်သူနဲ့လက်ထပ်တော့မယ်လို ကြေညာပြီးနောက်ပိုင်းမှာ ပရိသတ်တွေက များစွာအံ့အားသင့်ခဲ့ရပါတယ်။ အခုတစ်ခါမှာလည်း မကြာခင်မှာ ကလေးအဖေ ဖြစ်တော့မယ့်အကြောင်းကို "လက်ရှိမှာတော့ အမျိုးသမီးက ကိုယ်ဝန်ရှိနေပြီဖြစ်ပြီး မကြာခင်မှာ အဖေတစ်ယောက်ဖြစ်ပါတော့မယ်လို့" သူ့ရဲ့ Agency ကနေ သတင်းထုတ်ပြန်လိုက်ပါတယ် ။ Congratulations ပါ အိုပါးရေ ...


သတင်း အရင်းအမြစ်៖ CM Asia Series 2.0





