အသက် ၁၇ နှစ်အရွယ် ကြော်ငြာစရိုက်တုန်းက ချစ်စရာ ပုံလေးတွေကို ချပြလာတဲ့ မျိုးစန္ဒီကျော်

//s9.kh1.co/cf/cf0f52b75598106b33267173e001c92f4f7fc5af.jpg
အနုပညာရှင်များ

 ၂၁-လိုင်-၂၀၂၂ ၄pm · လွန်ခဲ့သော ၃ နှစ် က

အသက် ၁၇ နှစ်အရွယ် ကြော်ငြာစရိုက်တုန်းက ချစ်စရာ ပုံလေးတွေကို ချပြလာတဲ့ မျိုးစန္ဒီကျော်

အနုပညာနယ်ပယ်မှာ ဆယ်စုနီးပါး လျှောက်လှမ်းခဲ့ပြီး အောင်မြင်မှုတွေနဲ့ ရပ်တည်ထားနိုင်ခဲ့သူကတော့ မင်းသမီး မျိုးစန္ဒီကျော်ပဲ ဖြစ်ပါတယ်။ မျိုးစန္ဒီကျော် ဟာ ဘယ်လိုဇာတ်ကောင်မျိုးကိုမဆို သဘာဝကျကျ ပီပြင်အောင် သရုပ်ဆောင်ထားနိုင်သူပါ။ သူမထွက်ရှိခဲ့တဲ့ ဗီဒီယိုဇာတ်ကားတွေကလည်း လူကြီးလူငယ်မရွေး သဘောကျကြိုက်နှစ်သက်ခဲ့ကြပါတယ်။

Photo Credit - Myo Sandy Kyaw
Photo Credit - Myo Sandy Kyaw
Photo Credit - Myo Sandy Kyaw
Photo Credit - Myo Sandy Kyaw

ယနေ့အချိန်ထိလည်း မင်းသမီး မျိုးစန္ဒီကျော်ဟာ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို သိမ်းပိုက်ထားဆဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေအနေနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေသလို live Sales တွေမှာလည်း အမြဲတွေ့ရပါတယ်။ ယခုမှာတော့ မျိုးစန္ဒီကျော်က ပရိသတ်တွေချစ်အားပိုစမယ့် အမှတ်တရ အချို့ကို ဖော်ပြလာတာတွေ့ရပါတယ်။

Photo Credit - Myo Sandy Kyaw
Photo Credit - Myo Sandy Kyaw
Photo Credit - Myo Sandy Kyaw
Photo Credit - Myo Sandy Kyaw

ဒါကတော့ သူမ အသက် ၁၇ နှစ်အရွယ်မှာ ကြော်ငြာတွေစရိုက်တုန်းက အမှတ်တရ ရိုက်ထားတဲ့ ချစ်စရာ ပုံရိပ်တချို့ပဲ ဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့ လည်း " ၁၇ နှစ်သမီး ဆယ်တန်းအောင်ပြီးစ ကြော်ငြာတွေစရိုက်တဲ့အချိန် ....အဲ့ခေတ်က မျက်ခုံးမွှေးတစ်ကြောင်းဆွဲနဲ့နှုတ်ခမ်းနီ ဘောင်ကွတ်မှ လှတယ်လို့ထင်တဲ့ခေတ် အခုထိ အကျင့်ပါနေတော့နှုတ်ခမ်းနီကို ဘောင်ကွတ်ပြီးပဲ ဆိုးတတ်တော့တယ်" ဆိုပြီး ရေးသားထားပါတယ်။ အဆိုပါ ပုံလေးတွေထဲမှာတော့ မျိုးစန္ဒီကျော်ဟာ ချစ်စရာကောင်းပြီး အလှတရားတွေကတော့ ယနေ့ခေတ် မင်းသမီးတွေတောင် လက်ဖျားခါရလောက်ပါတယ်။ မျိုးစန္ဒီကျော်ရဲ့ ငယ်ဘဝက ချစ်စရာ ပုံလေးတွေကို မမြင်ဖူးသေးတဲ့ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Myo Sandy Kyaw
Photo Credit - Myo Sandy Kyaw

သတင်း အရင်းအမြစ် Source - Myo Sandy Kyaw


Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T