ပထမဆုံးအကြိမ် ကောင်မလေးနဲ့ လူမြင်ကွင်းမှာပေါ်လာခဲ့တဲ့ လီကွမ်ဆူ...

//s9.kh1.co/06/069e9779e6fe2f1b323145b62b73064a71557e27.jpg
အနုပညာရှင်များ

 ၂၁-လိုင်-၂၀၂၂ ၃pm · လွန်ခဲ့သော ၄ နှစ် က

4 နှစ်ကြာတဲ့အထိ သူတို့ရဲ့ Relationshipဟာ ခိုင်မာအားကောင်းနေဆဲ...

Running Man အဖွဲ့ဝင်ဟောင်း Lee Kwang Soo နဲ့ Lee Sun Bin တို့ရဲ့ အချစ်ဇာတ်လမ်းလေးဟာ ပရိသတ်တွေနဲ့ လူအများရဲ့ အားပေးမှုကို အခိုင်အမာရရှိထားခဲ့တာကြာပါပြီ။

https://s9.kh1.co/__image/w=650,h=363,q=100/7c/7cc2045a02bedf234509453ca2c756548438eb6c.jpg

Lee Kwang Soo နဲ့ Lee Sun Bin တို့ဟာ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကို လူသိရှင်ကြား ကြေငြာပြီး 4 နှစ်ကြာတဲ့အထိ သူတို့ရဲ့ Relationshipဟာ ခိုင်မာအားကောင်းနေဆဲဖြစ်ကာ တစ်ယောက်ကို တစ်ယောက် ချစ်နေသေးတာကိုတွေ့ခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=428,q=100/fd/fdfc683300317b3e4550de3b4a297339526d4e0d.jpg

မကြာသေးမီက Lee Kwang Soo နှင့် Lee Sun Bin တို့ဟာ ကိုရီးယားမှာရှိတဲ့ စျေးဝယ်စင်တာတစ်ခုမှာ ချိန်းတွေ့ခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက် အဝတ်အစားတွေရွေးပေးနေတာကို တွေ့ခဲ့ရပါတယ်။ မျက်နှာဖုံးတပ်ပြီး နှင့် ဦးထုပ်ဆောင်းထားပေမယ့်လည်း လီကွမ်ဆူ ရဲ့ အရပ်အမောင်းက သူ့ကိုလူတွေသတိထားမိစေဖို့ လွယ်ကူစေပါတယ်။

https://s9.kh1.co/__image/w=620,h=782,q=100/04/041125077c42a7c1303bd841081e1e1a4a93cdcf.webp

အခုလိုတွေ့တာဟာ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကို လူသိရှင်ကြား ကြေညာပြီး 4 နှစ်အကြာမှာပဲ စုံတွဲအနေနဲ့ ပထမဆုံးအကြိမ် တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒါကြောင့်သူတို့နှစ်ဦးဟာ အရင်ကထက် ပိုပြီးတော့အားကောင်းလာပုံရသည်။

https://s9.kh1.co/__image/w=620,h=730,q=100/53/531579105ca2bb7e2d8ff37a309d23fbbec192d1.webp

Running Man အဖွဲ့ဝင်ဟောင်း Lee Kwang Soo နှင့် Lee Sun Bin တို့ဟာသူတို့တွဲနေပြီဖြစ်ကြောင်းကို လွန်ခဲ့သော 4 နှစ်ခန့် 2018 ခုနှစ် ဒီဇင်ဘာလ 31 ရက်နေ့က ကြေငြာခဲ့ကြပါတယ်။ သူတို့စုံတွဲဟာ Running Man မှာတွေ့ဆုံခဲ့ကြတာဖြစ်ပြီး ဆက်ဆံရေးလည်းကောင်းမွန်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/fb/fb2abc9dd15453a4bbbac0cf96cccb822a2c3903.jpg

Lee Kwang Soo နဲ့ Lee Sun Bin နှစ်ယောက်စလုံးက တစ်ယောက်အကြောင်း တစ်ယောက်လူသိရှင်ကြားထုတ်ပြောတာ တွေ့ရခဲပါတယ်။ ဒါပေမယ့်လည်း သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကတော့ ရင်ခုန်စရာကောင်းနေပြီး ပရိသတ်တွေကတော့ မကြာခင်မှာ ပျော်ရွှင်ဖွယ်အဆုံးသတ်ကို ရရှိလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

Photos-credit

သတင်း အရင်းအမြစ် KBIZoom

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T