မင်းသား Kim Woo-bin ကို ဂြိုလ်သားလို့ ခေါ်လိုက်တဲ့ ဒါရိုက်တာ Choi

//s9.kh1.co/91/91ca273f34f8732d679e00204abd0c9eda22d184.jpg
အနုပညာရှင်များ

 ၂၁-လိုင်-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

ငယ်ငယ်က 'ဂြိုလ်သား' လို့ အခေါ်မခံရဘူးလားလို့လည်း မေးခဲ့

ဇူလိုင်လ ၂၀ ရက်နေ့က MBC FM4U ရဲ့ "A Noon Song Of Hope by Kim Shin-young" ထုတ်လွှင့်မှုမှာ Kim Tae-ri နဲ့ Kim Woo-bin တို့ပါဝင်ရိုက်ကူးထားတဲ့ 'Alienoid' ဇာတ်ကားထဲက လူသားဟန်ဆောင်ထားတဲ့ ဂြိုလ်သားတစ်ဦးကို ရွေးချယ်ဖို့ တောင်းဆိုခဲ့ပါတယ်။ အဲ့ဒီအခါမှာတော့ ဒါရိုက်တာ Choi Dong-hoon က Kim Woo-bin ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/e0/e064ac77e64873c3a4d010c80cd80fe0d4e75a85.webp

ဒါရိုက်တာ Choi က “ဂြိုလ်သားတွေမှာလည်း မြင်နိုင်တဲ့ မျက်လုံးတွေ ရှိလိမ့်မယ်” လို့ ပြောခဲ့ပြီး Kim Woo-bin ကို “မင်းမှာ ငယ်ငယ်တုန်းက 'ဂြိုလ်သား' ဆိုတဲ့ နာမည်ပြောင်မရှိဘူးလား? များသောအားဖြင့် အရပ်ရှည်ပြီး ချောမောရင် 'ဂြိုလ်သား' လို့ခေါ်တယ်” လို့ ပြောခဲ့ပါတယ်။ Kim Shin Young ကလည်း လွန်ခဲ့တဲ့ ၉ နှစ်တုန်းက Kim Woo-bin နဲ့ ရှိုးမှာ တွေ့ခဲ့တဲ့အချိန်ကို ပြန်ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=344,q=100/dc/dc887c20b8d1e927d0d64c16d57eb32c89128001.webp

 Kim Woo-bin ဟာ သူမမြင်ဖူးသမျှထဲမှာ အကြီးဆုံးလူဖြစ်ပြီး သူ့ကို ပထမဆုံးမြင်ဖူးခဲ့တာဖြစ်တယ်လို့ Kim Shin Young က ဆိုပါတယ်။ ဒါရိုက်တာ Choi Dong-hoon ရိုက်ကူးထားတဲ့ Alienoid ဇာတ်ကားကို မင်းသား Kim Woo-bin က Kim Tae Ri၊ Ryu Jun Yeol တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထား တာဖြစ်ပါတယ်။ Alienoid ဇာတ်ကားဟာ တောင်ကိုရီးယား သိပ္ပံအက်ရှင် စိတ်ကူးယဉ်စွန့်စားခန်းရုပ်ရှင်ကားအမျိုးအစားပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/08/0824ef2837bc1bf59865de1f2f5ecc8dd5424435.jpeg

ဇာတ်ကားကတော့ ဂိုရောခေတ်နှောင်းပိုင်း နဲ့ ၂၀၂၂ ခုနှစ်ကြား အချိန်တံခါးများပွင့်ကာ ဂြိုလ်သားများ ပေါ်လာတဲ့ ဇာတ်လမ်းကို ပုံဖော်ထားတာပါ။

https://s9.kh1.co/__image/w=650,h=363,q=100/61/613cc71cfd568155007921043fc295903ebdb56b.png

source - kbizoom

Rain
Rain

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T