လတ်တလော MRTV-4 မှာ ထုတ်လွှင့်ပြသဆဲဖြစ်တဲ့ "ဒေါင်းယာဉ်ပျံဘုံ နဘေးမှာ စာရေးလို့ထားချင်တယ်” ဆိုတဲ့ ဇာတ်လမ်းတွဲကတော့ ပရိတ်သတ်တွေကြားမှာ နာမည်ကြီး ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကလည်း ကျရာဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေက သဘောကျ အားပေးနေကြတာဖြစ်ပါတယ်။


ဇာတ်လမ်းထဲမှာတော့ နိုင်လင်းက မိန်းမရှုပ်တဲ့နေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေအမုန်းခံရဆုံး ဇာတ်ကောင်အဖြစ်ပါဝင်ထားတာပါ။ နိုင်လင်းနေရမှာတော့ ကျော်ထက်ဇော်က ပါဝင်ထားပြီး သက်သက် အဖြစ် နန်းစန္ဒာလှထွန်း နဲ့ မြမိုးသူအဖြစ် ဆက်ယွန်းတွယ်တာ က ပါဝင်သရုပ်ဆောင်ထားကြတာပါ။


ဇာတ်လမ်းထဲမှာတော့ သက်သက်နဲ့ မြမိုးသူက မတည့်ကြပေမယ့် အပြင်လောကမှာတော့ ညီအစ်မအရင်းလို ချစ်ခင်ကြပါတယ်။ အခုလည်း ပုံလေးထဲမှာ ကိုယ်နိုင်လင်းကို လုနေကြတာဖြစ်ပြီး ကိုနိုင်လင်းကလည်း သက်သက်နဲ့ မြမိုးသူကြားထဲမှာ ဗျာများနေတာလည်း ဖြစ်ပါတယ်။



Source: Myanmar Cele Channel