အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့တဲ့ High Kick 1 မှ အမျိုးသားဇာတ်ဆောင် Jung Il Woo

//s9.kh1.co/c5/c51bd1aba23ce918c20c641f612eda8ebfa40a88.jpg
အနုပညာရှင်များ

 ၂၀-လိုင်-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

ထူးချွန်တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပေမယ့် အနုပညာလောကမှာ ရုန်းကန်နေရသူ

မင်းသား Jung II Woo ဆိုတာက High Kick 1 ဇာတ်လမ်းကနေ ပေါ်ထွက်လာသူဖြစ်ပြီး ချောမောတဲ့ အပြင် သရုပ်ဆောင် ထူးချွန်တဲ့သူ တစ်ဦးပဲဖြစ်ပါတယ်။  High Kick ရဲ့ ပထမဆုံးဇာတ်လမ်းတွဲကို ၂၀၀၆  ခုနှစ်မှာ ထုတ်လွှင့်ခဲ့ပြီးတော့ လူကြိုက်အများဆုံး ဇာတ်လမ်းတွဲဖြစ်ခဲ့ကာ နောက်ထပ် ဇာတ်လမ်းတွဲတစ်ခုကို ထပ်မံရိုက်ကူးခဲ့ရတဲ့ အထိ အောင်မြင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=620,h=620,q=100/fc/fc910de233275a21d8afcb1bbee873fd6166589d.webp

Jung II Woo က High Kick ရဲ့ ပထမဆုံးဇာတ်လမ်းတွဲမှာ အမျိုးသားဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး Lee မိသားစုရဲ့ ပုန်ကန်တတ်တဲ့ အငယ်ဆုံးမြေးဖြစ်တဲ့ Lee Yoon Ho အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ Yoon Ho က ချောမောတဲ့အသွင်အပြင်၊ ကလေးမျက်နှာ၊ မော်တော်ဆိုင်ကယ်မောင်း ကျွမ်းကျင်မှု နဲ့ လူတွေရဲ့ ချစ်ခြင်းမေတ္တာကို ရရှိထားပေမယ့် ပညာမတတ်ဘဲ တိုက်ပွဲကို နှစ်သက်ကာ မိသားစုကို ဒုက္ခများစွာပေးတဲ့ ဇာတ်ကောင်ပဲဖြစ်ပါတယ်။ ဒီဇာတ်ကောင်ဟာ အမျိုးသမီး ပရိသတ်တွေရဲ့ အသည်းကျော်လည်း ဖြစ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=462,q=100/a2/a2dd1c80d07eddaea0da3b811b359b3d670ebe7f.jpg

Jung Il Woo ကို ၁၉၈၇ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး High Kick 1 မှာ သရုပ်ဆောင်ချိန်တုန်းက အသက် ၁၉ နှစ်သာရှိပါသေးတယ်။ နောက်ပြီး ဒီဇာတ်ကားဟာ Jung Il Woo ရဲ့ အနုပညာ အသက်မွေးဝမ်းကြောင်း အတွက် ပထမဆုံးသော ဒရာမာဖြစ်သလို ပထမဆုံး အမျိုးသားဇာတ်ဆောင် အဖြစ် သရုပ်ဆောင်ရတာလည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=620,h=620,q=100/fb/fb9edaaaa170fd18cf98ab08eda3971785c13a4c.webp

၂၀၀၆ ခုနှစ်မှာတည်းက “The World of Silence” ဇာတ်ကားနဲ့ Jung Il Woo က  ပွဲဦးထွက်ခဲ့တာ ဖြစ်ပါတယ်။ High Kick 1 ပြီးနောက် Jung Il Woo က “My Love” ဇာတ်ကားမှာ ဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ပြီး တီဗီစီးရီးဖြစ်တဲ့ “The Return of Iljimae” မှာလည်း သရုပ်ဆောင်ခဲ့ပါတယ်။ Jung Il Woo ပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကြီး ဇာတ်ကားတွေကတော့ "The Moon Embracing the Sun"၊ "High-end Crush"၊ "Love and Lies" "Bossam: Steal the Fate" တို့ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=451,q=100/61/611b6ff6c20b3ce60954e75d7fb129bef66b8569.jpg

Jung Il Woo က အရည်အချင်းရှိသူတစ်ယောက်ဖြစ်ပေမယ့် အနုပညာနယ်ပယ်မှာတော့ တော်တော်လေးကို ရုန်းကန်နေဆဲပါ။ အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Jung Il Woo အတွက် လိုအပ်နေတဲ့အရာကတော့ သူနဲ့ ထိုက်တန်တဲ့အောင်မြင်မှုကို ဆွတ်ခူးပေးနိုင်တဲ့ ဇာတ်ညွှန်းနဲ့ ဇာတ်ကောင်ပဲ ဖြစ်ပါတယ်။

source - kbizoom

Rain
Rain

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T