တောင်ကိုရီးယား မင်းသား So Ji Sub ဟာဆိုရင် အချစ်ဆုံး သူငယ်ချင်းရဲ့ သေဆုံးမှုကြောင့် ဖြေမဆည်နိုင်အောင်နာကြင် ခဲ့ရတဲ့ သူဖြစ်ပါတယ်။

So Ji Sub က ပြောသမျှ ကို နားထောင်ပေးမယ့် သူကိုယ်တိုင် ကြီး တစ်ယောက်လုံးရှိတာတောင် ဘဝကြီးကိုအရှုံးပေးသွားခဲ့တဲ့ သူ့သူငယ်ချင်း Park Yong Ha ကိို နားမလည်တဲ့ အကြောင်း အင်တာဗျူးတွေမှာ ဖြေခဲ့ပါသေးတယ်။

So Ji Sub နဲ့ သူ့ရဲ့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ သူငယ်ချင်း တို့ဟာ အနုပညာလမ်းကြောင်းထက်ဆီကို တစ်ချိန်တည်းမှာ ရောက်ရှိလာသူတွေ ဖြစ်ပါတယ်။

နှစ်ဦးစလုံးက စင်ပြိုင် မင်းသားတွေဖြစ်ပေမယ့် So Ji Sub နဲ့ Park Yong Ha တို့ နှစ်ဦးက ပြိုင်ဆိုင်မှုမရှိဘဲ တစ်ယောက်အပေါ်တစ်ယောက်နားလည်မှု အပြည့်ရှိပြီး အရမ်းကို ရင်းနှီးကြတဲ့ သူငယ်ချင်းတွေ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Park Yong Ha ဟာ အသက် ၃၃ နှစ်အရွယ် ၂၀၁၀ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှာ သူ့ကိုယ်သူအဆုံးစီရင်ပြီး လူ့လောကကနေ နှုတ်ဆက် ထွက်ခွါသွားခဲ့ပါတယ် ။

နောက်ဆုံး နှုတ်ဆက်စကားလေး တစ်ခွန်းတောင် မပြောဘဲ ထွက်ခွါသွားခဲ့တဲ့ သူငယ်ချင်းအရင်းကြီး Park Yong Ha ရဲ့ သတင်း ဟာ So Ji Sub ကို များစွာယူကြုံးမရ ဖြစ်သွားစေခဲ့ပါတယ်။

Park Yong Ha ရဲ့ စျာပနအခန်းအနားမှာလည်း So Ji Sub ကိုယ်တိုင် ဓာတ်ပုံဘောင်လေးကိုင်ပြီး ရှေ့ဆုံးက လိုက်ခဲ့ပေးခဲ့တာပါ။

အချစ်ဆုံး သူငယ်ချင်းကြီး ဆုံးပါးသွားခဲ့ရတဲ့ အချိန်ဟာ ၁၀နှစ်ကျော်သွားခဲ့ပြီဖြစ်ပေမယ့် So Ji Sub ဟာ သူ့သူငယ်ချင်း ရဲ့ အုတ်ဂူလေးကို တစ်နှစ်မှ မပျက်ဘဲ နှစ်စဉ်နှစ်တိုင်း သွားခဲ့တယ်လို့ သိရပါတယ်။

သူငယ်ချင်းရဲ့အုတ်ဂူရှေ့မှာ ယူကြုံးမရ ဖြစ်နေရှာတဲ့ So Ji Sub ရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။