သူတို့နှစ်ယောက်ဘဝထဲ အဖိုးတန်လေး ‌ရောက်လာတော့မှာကို ပြောပြလာတဲ့ Park Shin-hye

//s9.kh1.co/77/77af89f35bed13dea7adda2740d0cf24eefa53d5.jpg
အနုပညာရှင်များ

 ၁၉-လိုင်-၂၀၂၂ ၉am · လွန်ခဲ့သော ၄ နှစ် က

ကိုယ်ဝန်ဆောင်နဲ့ ပတ်သက်တဲ့ သိသင့်တာလေးတွေကို လေ့လာနေပြီဆိုတဲ့ Park Shin-hye

Park Shin-hye က သူမရဲ့ နေ့စဉ်ဘ၀ကို ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။  မင်းသမီး Park Shin-hye က "My house's best cutie Choco and my favorite flower" ဆိုတဲ့ စာတန်းနဲ့အတူ သူမရဲ့ Instagram မှာ ဓာတ်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=371,q=100/38/389f9e40eb356f4e010c7d728e9f348684afcfdb.png

ဓာတ်ပုံထဲမှာတော့ Park Shin-hye က သူမ ပြုစု ပျိုးထောင်ထားတဲ့ ပန်းလေးနဲ့ ကြောင်လေးကို ဖော်ပြထားပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/ec/ec9de1255721b4f22964808546619d38943ca9ed.png

ဆိုလိုတာကတော့ Park Shin-hye က လက်ရှိ ကိုယ်ဝန်ဆောင်ချိန်မှာ သူမနားမှာရှိတဲ့ ကြောင်လေးနဲ့ ပန်းလေးတွေကို နွေးထွေးတဲ့မေတ္တာနဲ့ ပြုစုနေတာဖြစ်ပြီး သူမရဲ့ ကလေးလေးကိုလည်း အဲ့လိုပြုစုပျိုးထောင်ဖို့ လေ့ကျင့်နေတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=530,h=663,q=100/49/490a2079d08906ca8a4ed6c9ab0876aa0dcf49e2.png

Park Shin-hye ကတော့ မင်းသား Choi Tae-joon နဲ့ ၄ နှစ်ကြာ တွဲခဲ့ပြီးနောက် ဇန်နဝါရီ ၂၂ ရက်နေ့မှာ လက်ထပ်ခဲ့တာပဲ ဖြစ်ပါတယ်။ Park Shin-hye က “ကျွန်မတို့ ချိန်းတွေ့နေတာကြာပြီဖြစ်တဲ့ သူနဲ့ လက်ထပ်တော့မှာပါ။

https://s9.kh1.co/__image/w=650,h=461,q=100/87/87820395fdc8b10d195b03e7291228571271263f.png

ကျွန်မရဲ့ အိမ်ထောင်သည်ဘ၀ကို အချိန်အတော်ကြာအောင် ကျွန်မကို ပံ့ပိုးပေးခဲ့တဲ့၊ ကျွန်မရဲ့ ချို့ယွင်းချက်တွေကိုတောင် ဖုံးကွယ်ထားခဲ့တဲ့၊ သူနဲ့ ကျွန်မရဲ့ အိမ်ထောင်သည်ဘဝကို စတင်တော့မှာပါ။ထုတ်ဖော်ပြောဖို့ စောလွန်းနေသေးတယ်လို့ ထင်တာကြောင့် အခုမှ ပြောပြခဲ့ရတာပါ။

https://s9.kh1.co/__image/w=650,h=975,q=100/cb/cb96a5c99efd9ab062242b1be8d97358da803986.png

ကျွန်မတို့နှစ်ယောက်ရဲ့ ဘဝထဲကိုလည်း အဖိုးတန်တဲ့ ဘဝတစ်ခု ရောက်လာခဲ့ပါပြီ။ မိသားစုသစ်လေးရောက်လာခဲ့ပြီးရင်လည်း အကောင်းဆုံး ဖျော်ဖြေမှုတွေနဲ့အတူ ပရိသတ်တွေဆီကို ပြန်လာခဲ့ပါမယ်” ဆိုပြီး သူမရဲ့ Instagram မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T