တုပ်ကွေးဖြစ်တဲ့အခါ စားသင့်တဲ့ အစားအစာတွေ

//s9.kh1.co/4a/4a83cde1f89aa6270ad7a35a16162b417880ba49.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၁၆-လိုင်-၂၀၂၂ ၁၀pm · လွန်ခဲ့သော ၂ နှစ် က

.

ခုပြောပြသွားမယ့် အာဟာရရှိတဲ့ အစားအစာတွေက သင့်ခန္ဓာကိုယ်မှာခံစားနေရတဲ့ တုပ်ကွေးရောဂါကို တိုက်ဖျက်ဖို့အတွက် ကောင်းကောင်း အကူညီပေးပါလိမ့်မယ်။ ဖျားနေတဲ့အခါပဲဖြစ်ဖြစ်၊ အအေးမိလို့ပဲဖြစ်ဖြစ် ပိုးမွှားတွေကို တိုက်ဖျက်နိုင်အောင် ခန္ဓာကိုယ်မှာလုံလောက်တဲ့ ကြံ့ခိုင်မှုမျိုးရှိစေဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေက လိုအပ်ပါတယ်။

https://s9.kh1.co/__image/w=500,h=375,q=100/4f/4f1fd132653ee4778320a0f0a4a514988d5f3518.jpg

သားငါးအသီးအရွက်ပြုတ် ဟင်းချို

သားငါးအသီးအရွက်ပြုတ် ဟင်းချိုမှာ အာဟာရဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်ပြီးတော့ ရေဓာတ်ခန်းခြောက် ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ဟင်းချိုနွေးနွေးလေးက လည်ချောင်းနာတာအပြင် နှာစေးတာကိုလည်း သက်သာစေပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/f5/f5ac7b9a445b604982e90bf5eafb9f27390f834b.jpg

ကြက်စွပ်ပြုတ်

ပရိုတင်းဓာတ်နဲ့ သံဓာတ်ကြွယ်ဝတဲ့ ကြက်သားကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအရွက်တွေ ပေါင်းထည့်ထားတဲ့ စွပ်ပြုတ်တစ်ခွက်က ခန္ဓာကိုယ်ကို လုံလုံလောက်လောက် အားဖြည့်ပေးနိုင်ပါတယ်။ ဒါ့အပြင်ကြက်စွပ်ပြုတ်က ရောင်ရမ်းမှုကို လျော့ကျစေပြီးတော့ ခုခံအားစနစ်ရဲ့ တုံ့ပြန်မှုကိုလည်း တိုးတက်စေပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/6f/6fcf595b43902d133b85854979213f85b74357ab.jpg

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကို အစိမ်းလိုက်စားခြင်းက ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူ ဒါမှမဟုတ် ကြက်သွန်ဖြူ ဖြည့်စွက်စာတွေထက် ကြက်သွန်ဖြူအစိမ်းက ခန္ဓာကိုယ်ကို အကျိုးကျေးဇူးအများဆုံး ပေးစွမ်းမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/f5/f53e39be56387546c05e129400ac0dee9e709348.jpg

အစိမ်းရောင်ရှိတဲ့အရွက်

ဟင်းနုနွယ်ရွက်၊ ကိုက်လန်နဲ့ ဂေါ်ဖီထုပ်တို့လို အစိမ်းရောင်အရွက်တွေက သံဓာတ်နဲ့ ဗီတာမင်စီတို့ ပါ၀င်ပြီးတော့ ရောင်ရမ်းမှုကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို ပိုမြှင့်တင်နိုင်အောင်လို့ ကြက်စွပ်ပြုတ်ထဲကို အရွက်စိမ်းစိမ်းထည့်ပြီးတော့ သုံးဆောင်နိုင်ပါသေးတယ်။

ခုဖော်ပြသွားတဲ့ အစားအသောက်တွေကို စားသောက်ခြင်းက ကိုယ်ခံအားကို မြင့်စေမှာဖြစ်ပြီး တုပ်ကွေးရောဂါကို တိုက်ဖျက်ဖို့အတွက်လည်း အကူအညီဖြစ်စေပါတယ်။

source - goodrx

Rain
Rain

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T