ပြည်သူ့မင်းသမီးချောလေး ပိုင်ဖြိုးသု ကတော့ ရုပ်ရှင်လောကမှာ နာမည်ကြီးမင်းသမီးချော တစ်လက်အဖြစ်နေရာတစ်နေရာ ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးများစွာကိုရိုက်ကူးခဲ့ပြီးသရုပ်ဆောင်ကောင်းလွန်းတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို တစ်ခဲနက်ရရှိထားတာပဲ ဖြစ်ပါတယ်။


နာမည်ကြီးရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ “မီ” ဆိုတဲ့ဇာတ်ကားကြီးမှာ ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ပြီး ထူးခြားပြောင်မြောက်တဲ့ ကာရိုက်တာနဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပိုမိုလူသိများနာမည်ကြီးလာခဲ့ပါတယ်။


ဆရာဝန်တစ်ယောက်ဖြစ်တဲ့ သုသုက အနုပညာပိုင်းမှာလည်း ထူးချွန်သလို Crochet လေးတွေ ထိုးတဲ့ အပိုင်းမှာလည်း အရမ်းတော်တဲ့ ပြည်သူ့မင်းသမီးလေးပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သုသုက အနုပညာအလုပ်တွေကိုရပ်နားထားကာ သူမကိုယ်တိုင် ကြိုးစားဖန်တီးထားတဲ့ Crochet အိတ်လေးတွေကို မဲဖောက်ပြီး ရောင်းချပေးနေပါသေးတယ်။


ဒီတစ်ခါမှာလည်း သူကိုယ်တိုင်ထိုးထားတဲ့ အိတ်ကလေးနဲ့ ပတ်သက်ပြီး " ပါလာတဲ့ကျောပိုးအိတ်လေး သားရေတွေကွာကုန်ပြီဆိုတော့ ကိုယ့်ဖာသာကိုယ်crochetကျောပိုးအိတ်လေးထိုးပေးလိုက်တယ် ???” ဆိုပြီး ပုံလေးတွေနဲ့ အတူ သူမရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထာတာပဲ ဖြစ်ပါတယ်။



Source : Paing Phyo Thu’s FB Acc





