ရွှေ့ပြောင်း မြန်မာကျောင်းသားတွေကို တွေ့ဆုံရင်း မွေးနေ့ Surprise လေးလုပ်ပေးခဲ့လို့ ပျော်နေမိတဲ့ ဘရော်နီကာ

//s9.kh1.co/34/344ce29af7236e148d388adbd9fa84b478013832.jpg
အနုပညာရှင်များ

 ၁၆-လိုင်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာ့ဂုဏ်ဆောင် ကယန်းကျားသစ်မယ်လို့ လူသိများတဲ့ ကရင်နီ အမျိုးသမီးလက်ဝှေ့သမား ဘရော်နီကာကတော့ အားလုံးသိကြမယ်လို့ ထင်ပါတယ်။ ဘရော်နီကာဟာ  ထိုင်းနိုင်ငံမှာ ကြေးစား မွေထိုင်းလက်ဝှေ့ကစားသမား တစ်ယောက် အဖြစ် Thai Fight လက်ဝှေ့ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင် ကစားနေတာ ဖြစ်ပါတယ်။

Photo Credit - Vero Nika
Photo Credit - Vero Nika
Photo Credit - Vero Nika
Photo Credit - Vero Nika

သူမယှဥ်ပြိုင်ထိုးသတ်ခဲ့တဲ့ ပွဲစဥ်တစ်လျှောက်မှာလည်း ပြိုင်ဘက်တွေကို အလဲထိုးသတ်နိုင်ခဲ့ပြီး ရှုံးပွဲမရှိဘဲ ရလဒ်ကောင်းတွေကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။ ပြည်တွင်းပြည်ပက ပရိသတ်တွေကလည်း ဘရော်နီကာ ကို အားပေးချစ်ခင်ခဲ့ကြတာ တွေ့ရပါတယ်။ ဒီကနေ့မှာတော့ ဘရော်နီကာ က အားပေးတဲ့ ပရိသတ်တွေ ထပ်တူ ကြည်နူးပီတိဖြစ်စရာလေးတစ်ခု ဖော်ပြလာခဲ့တာ တွေ့ရပါတယ်။

Photo Credit - Vero Nika
Photo Credit - Vero Nika
Photo Credit - Vero Nika
Photo Credit - Vero Nika
Photo Credit - Vero Nika
Photo Credit - Vero Nika

ဒါကတော့ ဘရော်နီကာ က ထိုင်းရောက်နေတဲ့ မြန်မာ ရွှေ့ပြောင်း ကျောင်းသူ၊ကျောင်းသားများကို သွားရောက် တွေ့ဆုံ နှုတ်ဆက်အားပေးစကားပြောကြားရင်း သူမကို မွေးနေ့ Surprise လုပ်ပေးကြတာ ဖြစ်ပါတယ်။ သူမကတော့ "လိုက်လိုက်လှဲလှဲကြိုဆိုနေတဲ့ကျောင်းသူ/သားများအားလုံး ကျေးဇူးတင်သလို ဝမ်းသာပီတိဖြစ်ရပါတယ် Birthday ဆုတောင်းပေးတဲ့အရောက်ဆီတိုင်း ဘုရားရှင်ကောင်းကြီးပေးပါစေ "ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ ပရိသတ်တွေလည်း ဘရော်နီကာ ရဲ့ ကြည်နူးစရာလေးကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။

Photo Credit - Vero Nika
Photo Credit - Vero Nika
Photo Credit - Vero Nika
Photo Credit - Vero Nika

သတင်း အရင်းအမြစ် Source - Vero Nika

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T