တောင်ကိုရီးယားမင်းသမီး Han Ga In ဟာဆိုရင် အသစ်တစ်ဖန် ပြန်လည် မွေးဖွားနိုင်ခဲ့မယ်ဆိုရင် အိမ်ထောင်မပြုတော့ဘူးလို့ ပြောလာခဲ့ပါတယ်။ ဒီအကြောင်းအရာကို Han Ga In က SBS ရဲ့ Circle House အစီအစဉ်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားမင်းသမီး Han Ga In က သူမရဲ့ ခင်ပွန်းဖြစ်သူ မင်းသား Yeon Jeong-hoon နဲ့ ၂၀၀၅ ခုနှစ်မှာလက်ထပ်ခဲ့ပြီး သာယာလှပတဲ့ အိမ်ထောင်ရေးလေးကို ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ အနုပညာရှင် စုံတွဲ နှစ်ယောက် ဖြစ်တာကြောင့် လက်မထပ်ခင်အချိန် မှာလည်း ပြဿနာလေးတွေ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

Han Ga In က အသစ်ပြန်လည်းဖွေးဖွားခဲ့မယ်ဆိုရင် လက်မထပ်တော့ဘဲ တစ်ဦးတည်း အပျိုကြီး ဘဝနဲ့ ပျော်ပျော်ကြီးနေသွားမယ်လို့ ဆိုပါတယ်။

Han Ga In ကို ပျော်ရွှင်စရာ အိမ်ထောင်ရေးလေးရှိပါလျက်နဲ့ ဘာလို့ အခုလို ဆုံးဖြတ်ခဲ့ရတာလဲဆိုတာ မေးပြီးတဲ့နောက်မှာတော့ Han Ga In က အိမ်ထောင်ရှင်မ အဖြစ်သာ ဖြတ်သန်းဖူးတာကြောင့် တစ်ကိုယ်တည်းဘဝနဲ့ဖြတ်သန်းရင် ဘယ်လိုခံစားရလဲ သိချင်တာ ကြောင့်လို့ ဟာသဆန်ဆန်လေး ပြန်ဖြေခဲ့ပါတယ်။ ဒါပေမယ့် အဖြေက ဒီလောက်အထိ မရိုးရှင်ရဘူးဆိုတာတော့ ပရိသတ်တွေက သိကြပါတယ်။

အိမ်ထောင်ရှင်မဘဝက လူလွတ်ဘဝနဲ့ ယှဉ်ရင်တော့ မတူညီနိုင်တဲ့ အခက်အခဲတွေ အများကြီး ရှိမှာတော့အသေအချာပဲ ဖြစ်ပါတယ် ။ အပြိုင်အဆိုင်တွေ များလွန်းလှတဲ့ တောင်ကိုရီးယား အနုပညာလောကမှာလည်းအိမ်ထောင်ရှိ အနုပညာရှင်တွေက ချောင်ထိုး ခံရလေ့ရှိတာကြောင့် စိတ်ပိုင်းဆိုင်ရာ အားဖြင့်လည်း အဆင်မပြေမှုတွေ ကြုံတွေ့ရနိုင်ပါတယ်။


အခက်အခဲတွေ ရှိပေမယ့်လည်း တောင်ကိုရီးယားမင်းသမီး Han Ga-in ဟာ ခင်ပွန်းဖြစ်သူ Yeon Jeong-hoon နဲ့နာမည်ပျက် လုံးဝ မထွက်ဘဲ နှစ်ပေါင်း ၁၇ နှစ်ကြာ တိုင်အောင် တည်ငြိမ်တဲ့ အိမ်ထောင်ရေးလေးကို ထူထောင်ထားပါတယ်။ အခုဆိုရင် သူတို့နှစ်ဦးရဲ့သမီးလေးက အသက် ၆ နှစ်အရွယ်တောင် ရှိသွားပြီပဲ ဖြစ်ပါတယ်။

