တောင်ကိုရီးယားနာမည်ကြီး မင်းသား Lee Kwang-soo နဲ့ မင်းသမီး Lee Sun-bin တို့ဟာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိထားကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးက ပေါ့ပေါ့ပါးပါးနဲ့ Running Man အစီအစဉ်မှာ တွေ့ဆုံခဲ့ကြတာဆိုပေမယ့် သူတို့ရဲ့ အချစ်ရေးကတော့ လေးလေးနက်နက် ရှိလှပါတယ်။


Lee Kwang-soo နဲ့ Lee Sun-bin တို့နှစ်ဦးက၂၀၁၆ ခုနှစ်တုန်းက ထုတ်လွှင့်ခဲ့တဲ့ Running Man အပိုင်းတစ်ပိုင်းမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အဲဒီအပိုင်းမှာပဲ ချစ်ကြိုက်ခဲ့ကြတာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ သူတို့နှစ်ဦး တွဲနေပြီဖြစ်ကြောင်းကို တရားဝင် အသိပေးခဲ့ပါတယ်။

ဒီကြားထဲမှာ လမ်းခွဲလိုက်ပြီဆိုတဲ့ Rumors တွေ ထွက်ရှိခဲ့ပေမယ့်လည်း သူတို့နှစ်ဦးက အချင်းချင်း ချစ်နေကြဆဲဖြစ်ပြီး ခိုင်မာတဲ့ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားတုန်း ဖြစ်ပါတယ်။

ဒီကနေ့ ဇူလိုင်လ ၁၅ ရက်နေ့မှာလည်း Lee Kwang-soo က သူ့ရဲ့ အင်စတာဂရမ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ မွေးနေ့ဆုတောင်းပေးခဲ့ကြသူတွေကို ကျေးဇူးတင်ကြောင်း ပုံလေးတွေနဲ့တကွ တင်ပေးလာပါတယ်။ Lee Kwang-soo ရဲ့ ပုံလေးတွေအောက်မှာ သူရဲ့ ချစ်သူကောင်မလေး Lee Sun-bin က အအေးဘူးနဲ့ ကိတ်မုန့်ပုံ emoji လေး မန့်ထားတာကြောင့် ပရိသတ်တွေကလည်း သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးလေးကို အရမ်းတွေ အူယားနေကြပါတယ်။

ချစ်သူကောင်လေးရဲ့ ပိုစ့်အောက်အထိ Comment လေးလာပေးထားတယ်ဆိုတော့ သူတို့နှစ်ဦးရဲ့ အချစ်ရေးလေးက ကောင်းမွန်နေတယ်ဆိုတာ သက်သေပြနေပါတယ်နော်။ ၄ နှစ်ကြာသည့်တိုင်အောင် တွဲလက်တွေ ခိုင်မြဲနေကြဆဲ ဖြစ်တဲ့ တောင်ကိုရီးယားမင်းသား Lee Kwang-soo နဲ့ ချစ်သူကောင်မလေး Lee Kwang-soo တို့အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။






