ဝါသနာတူပြီး အကြင်လင်မယားတွေ ဖြစ်ခဲ့ကြတဲ့ တောင်ကိုရီးယား နာမည်ကြီး အနုပညာရှင်စုံတွဲများ

//s9.kh1.co/64/64b4fbffcad019de912aaaa4d6d15e8f4c59ea09.jpg
အနုပညာရှင်များ

 ၁၅-လိုင်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၄ နှစ် က

ဝါသနာတူပြီး အကြင်လင်မယားတွေ ဖြစ်ခဲ့ကြတဲ့ တောင်ကိုရီးယား နာမည်ကြီး အနုပညာရှင်စုံတွဲများ

တောင်ကိုရီးယားနိုင်ငံမှာ နာမည်ကြီး အချင်းချင်း ပြန်ပြီး လက်ထပ်ထားကြတဲ့ နာမည်ကြီး စုံတွဲတွေ အများကြီးပဲ ဖြစ်ပါတယ်။ အနေနီးလို့ သံဃောဇဉ်တွေ ပိုပြီး တိုးလာကြသလိုပဲ သူတို့တွေထဲမှာ ဝါသနာတူကြရင်း ချစ်ကြိုက်ခဲ့ကြတဲ့ စုံတွဲတွေလည်း အများကြီးပဲဖြစ်ပါတယ်။ ဝါသနာတူရင်း ချစ်ကြိုက်ခဲ့ကြတဲ့ နာမည်ကြီးတောင်ကိုရီးယား စုံတွဲလေးတွေ အကြောင်းကို ဖော်ပြပေးသွားပါမယ်နော်။

Google
Google

တောင်ကိုရီးယားမင်းသား Lee Byung-hun နဲ့ မင်းသမီး Lee Min-jung

https://s9.kh1.co/__image/w=650,h=325,q=100/1e/1e095875984de612ef0dc69c5d71751fee3cf43e.png

တောင်ကိုရီးယားမင်းသား Lee Byung-hun နဲ့ မင်းသမီး Lee Min-jung တို့ဟာ ဂေါက်ကစားတဲ့နေရာမှာ ဝါသနာတူတဲ့ သူတွေ ဖြစ်ကြပါတယ်။ သူတို့နှစ်ဦးက ဂေါက်ကစားတာကို ဘယ်လောက်အထိ ဝါသနာကြီးလဲဆိုရင် အမေရိကန်နိုင်ငံအထိ သွားပြီး gallery of the Masters Tournament ပွဲစဉ်ကို သွားရောက်အားပေးခဲ့ကြတာဖြစ်ပါတယ်။

တောင်ကိုရီးယားမင်းသား In Kyo-jin နဲ့ မင်းသမီး So Yi-hyun

Google
Google

In Kyo-jin နဲ့ မင်းသမီး So Yi-hyun တို့ဟာလည်း ဂေါက်ကစားရတာကို ဝါသနာပါကြပြီး အားလပ်ချိန်တွေတိုင်းမှာ ဂေါက်ကွင်းကို သွားလေ့ရှိကြတယ်လို့ သိရပါတယ်။ ဝါသနာချင်းတူတဲ့ သူတို့ စုံတွဲလေးဟာ ၂၀၁၄ ခုနှစ်မှာ မင်္ဂလာပွဲ ကျင်းပခဲ့ပြီး In Ha-eun လို့ခေါ်တဲ့ ရင်သွေးလေးကို ဖွားမြင်ခဲ့ပါတယ်။

တောင်ကိုရီးယားမင်းသား Lee Wan နဲ့ ဂေါက်အားကစားသမား Lee Bo-mi

Google
Google

Kim Tae Hee ရဲ့ မောင်လေးဖြစ်တဲ့ Lee Wan နဲ့ ဂေါက်ကစားသမားလေး Lee Bo Mi တို့ဟာလည်း ဝါသနာတူရင်း ချစ်ကြိုက်ခဲ့ကြတာဖြစ်ပါတယ်။ Lee Wan က ဇနီးဖြစ်သူ ဂေါက်ရိုက်နေတဲ့ ဘေးနားလေးမှာ ဇနီးလေးကို စောင့်ကြည့်နေရတာကို သဘောကျတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ဖူးပါတယ်။ ဂေါက်ရိုက်တာ ဝါသနာပါလွန်းလို့ ဂေါက်ရိုက်ကစားသမားနဲ့တောင် ဖူးစာပါခဲ့တဲ့ Lee Wan ရဲ့ အဖြစ်ကလည်း တကယ် ချစ်ဖို့ကောင်းလွန်းလှပါတယ်နော်။

တောင်ကိုရီးယားမင်းသား Hyun Bin နဲ့ မင်းသမီး Son Ye-jin

Google
Google

တောင်ကိုရီးယားမင်းသား Hyun Bin နဲ့ Son Ye-jin တို့နှစ်ယောက်စလုံးက ဂေါက်ကစားတဲ့နေရာမှာ အရမ်းကို ဝါသနာကြီးတဲ့ စုံတွဲလေးဖြစ်ပါတယ်။ သူတို့နှစ်ဦးက ဝါသနာတူတာကြောင့် ရွှေလက်တွဲခဲ့ရတဲ့စုံတွဲတွေထဲက တစ်တွဲလို့ ပြောရရင်လည်း မမှားပါဘူး။ Son Ye-jin က ဂေါက်ကစားရတာ ဝါသနာကြီးပေမယ့် ကျွမ်းကျင်တဲ့ အဆင့်ထိ မရောက်ရှိသေးတာကြောင့် Hyun Bin က ပြန်ပြီး သင်ပေးရတယ်လို့ သိရပါတယ်။ Son Ye-jin က တစ်ချိန်တည်းမှာ သူငယ်ချင်း အသစ်တွေ အများကြီးရပြီး အားကစားလှုပ်ရှားမှုလည်းဖြစ်တဲ့ ဂေါက်ကစားတာကို ကြိုက်တယ်လို့လည်း အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ဖူးပါတယ်။ ပျားရည်စမ်း ခရီးစဉ်မှာလည်း Binjin စုံတွဲလေးက သူတို့ ပါသနာပါတဲ့ ဂေါက်ကစားတာလေးကို လုပ်ခဲ့ပါသေးတယ်။

Google
Google

အသွင်တူလို့ အိမ်တူဖြစ်ခဲ့ကြရတဲ့ တောင်ကိုရီးယားအနုပညာရှင် မောင်နှံလေးတွေအကြောင်းကို ကြည်နူးစရာလေး တင်ဆက်ပေးလိုက်ပါတယ်။ 

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T