ဒီဇူလိုင်လမှာတော့ ထိုင်းနိုင်ငံရဲ့ အနုပညာရှင်စုံတွဲတော်တော်များများဟာ သူတိုရဲ့ကိုယ်ပိုင်အချိန်တွေမှာ ချစ်ရတဲ့သူလေးတွေနဲ့ Date နေကြပြီး Instagram မှာလည်း ချစ်စရာကောင်းတဲ့ အခိုက်အတန့်တွေကို ဝေမျှခဲ့ကြပါတယ်။
Mark Prin နဲ့ Kimmy Kimberley

ဇူလိုင်လ 13 ရက်နေ့မှာတော့ Mark Prin နဲ့ Kimmy Kimberley တိုက သူတိုနှစ်ယောက်ရဲ့ ချစ်ဖိုကောင်းတဲ့ အခိုက်အတန့်လေးကို Instagram မှာ တင်ထားတာပဲ ဖြစ်ပါတယ်။

Caption မှာတော့ "ငါ့ရည်းစားက လှတယ်” ရိုဆန်ဆန်လေး ရေးသားထားပါတယ်။
Nadech Kugimiya နဲ့ Yaya Urassaya

ဇူလိုင်လ 3 ရက်နေ့မှာတော့ Nadech Kugimiya နဲ့ Yaya Urassaya တိုဟာ နှစ်ဖက်မိဘတွေ တွေ့ဆုံနေကြတဲ့ ပုံလေးတွေကို မျှဝေခဲ့ကြပါတယ်။

နှစ်ဖက်မိဘတွေ့ဆုံနေကြတာမို ပရိသတ်တွေကလည်း မကြာခင်မှာ သတင်းကောင်းလေးကြားရတော့မယ်လို ခန့်မှန်းနေကြတာဖြစ်ပါတယ်။
Bank Thiti နဲ့ Pimtha

မကြာသေးမီက Pimtha က Bank Thiti နဲ့ ဓါတ်ပုံတစ်ပုံကို သူမရဲ့ Instagram မှာ တင်ခဲ့ပါတယ်။ သူတိုရဲ့ ဓာတ်ပုံထဲမှာတော့ ဒီလူငယ်စုံတွဲလေးဟာ အရမ်းကို ချစ်စရာကောင်းနေတာဖြစ်ပြီး စင်ကာပူကို ခရီးထွက်နေကြတာပါ။

Dan Worrawech နဲ့ Pattie Ungsumalynn

ဇူလိုင်လ 13 ရက်နေ့မှာတော့ Dan Worrawech နဲ့ Pattie Ungsumalynn တိုဟာ "ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေ”လို ချိုမြိန်တဲ့ Caption လေးနဲ့ရေးပြီး ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်။ ပုံထဲမှာတော့ သူတိုနှစ်ယောက်ဟာ ညစာအတူစားခဲ့ကြတာပါ။
သတင်း အရင်းအမြစ်៖ Thai Update





