အိမ်ထောင်ရှိတဲ့ မင်းသားတစ်ယောက်ရဲ့ အနိုင်ကျင့်မှုကြောင့် အနုပညာလှုပ်ရှားမှုတွေအားလုံးကနေ အနားယူလိုက်တဲ့ မင်းသမီး

//s9.kh1.co/00/00dbdfb921f8803a67ddbe55b8db2744eed03e34.jpg
အနုပညာရှင်များ

 ၁၅-လိုင်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၄ နှစ် က

အိမ်ထောင်ရှိတဲ့ မင်းသားတစ်ယောက်ရဲ့ အနိုင်ကျင့်မှုကြောင့် အနုပညာလှုပ်ရှားမှုတွေအားလုံးကနေ အနားယူလိုက်တဲ့ မင်းသမီး

တောင်ကိုရီးယားမင်းသမီး Heo Yi Jae ဟာဆိုရင် နာကျည်းဖို့ကောင်းလှတဲ့ ဖြစ်ရပ်တစ်ခုကြောင့် အနုပညာလှုပ်ရှားမှုတွေ အားလုံးကနေ အနားယူလိုက်ရတဲ့သူဖြစ်ပါတယ်။ Heo Yi Jae ဟာ ပွဲဦးထွက်ကတည်းက နာမည်ကြီးတဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေက သူမကို ချစ်လွန်းလို့ Kim Tae Hee အသေးစားလေးလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ Heo Yi Jae  သရုပ်ဆောင်ခဲ့ဖူးတဲ့ ဇာတ်လမ်းတွဲတွေက (2016 )You Are a Gift  ၊ (2008) Single Dad In Love ၊  (2007) Goong S ဇာတ်လမ်းတွေဖြစ်ပြီး Movie ဇာတ်လမ်းတွေမှာလည်း ပါဝင်သရုပ်ဆောင်ဖူးပါတယ်။ လက်ရှိမှာဆိုရင် သူမရဲ့အသက်က ၃၅ နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။

Google
Google

Kim Tae Hee ဟာ နာမည်ကြီး ဒရမ်မာဖြစ်တဲ့ ရွှေမင်းသားလေးချစ်ပုံပြင် (Princess Hours) ဇာတ်လမ်းတွဲကို ပြန်ရိုက်ထားတဲ့ Goong S (2007) ထဲမှာလည်း နာမည်ကြီးမင်းသမီး Park Shin Hye နဲ့ အတူ ပါဝင်သရုပ်ဆောင်ဖူးပါတယ်။ အစကောင်းခဲ့သလို ပွဲဦးထွက်လည်း ကောင်းခဲ့တဲ့ မင်းသမီး Heo Yi Jae ဟာ အိမ်ထောင်ရှိတဲ့ မင်းသားတစ်ယောက်ဆီကနေ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု ခံခဲ့ရပြီးတဲ့နောက်မှာ အနုပညာလောကကနေ အနားယူခဲ့ပါတယ်။ အဆိုပါ အိမ်ထောင်ရှိမင်းသားက Heo Yi Jae နဲ့ အတူတွဲ သရုပ်ဆောင်ဖူးတဲ့သူလို့ ပြောကြတာကြောင့် Heo Yi Jae နဲ့ ဇာတ်ကားရိုက်ဖူးတဲ့ မင်းသားတွေကို ထင်ကြေး ဝိုင်းပေး ခဲ့ကြတဲ့ ဖြစ်ရပ်လည်း ရှိခဲ့ဖူးပါတယ်။

Google
Google
Google
Google
Google
Google

Heo Yi Jae ဟာ စိတ်ပိုင်းဆိုင်ရာအားဖြင့် ဖိနှိပ်မှုတွေ များစွာ ကြုံတွေ့ခဲ့ရပေမယ့်လည်း အဲဒီအချိန်တုန်းက သူမကို ဘယ်သူမှ ကူညီပေးမယ့်သူ မရှိဘူးလို့ သိရပါတယ်။ Heo Yi Jae ဟာ ၂၀၁၁ ခုနှစ်မှာ သူမထက် အသက် ၇ နှစ်ကြီးတဲ့ Lee Seung Woo နဲ့ လက်ထပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။

Google
Google

၂၀၁၆ ခုနှစ်မှာတော့ Heo Yi Jae ဟာ အိမ်ထောင်ရှိ မင်းသားတစ်ယောက်ရဲ့ နှောင့်ယှက်မှုကြောင့် အနုပညာလှုပ်ရှားမှုတွေ အားလုံးကနေ အနားယူတော့မယ်လို့ တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။

Google
Google
Google
Google

တက်လမ်းတွေ အများကြီးရှိပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေ အခိုင်အမာ ရထားပေမယ့်လည်း အနုပညာ လောကကနေ ပျောက်ကွယ်သွားရတဲ့ မင်းသမီးအကြောင်းကို မသိသေးတဲ့ ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T