အသံချိုချိုသာသာလေးနဲ့ မြန်မာကျေးလက်သံစဉ် သီချင်းတွေကို သီဆိုတဲ့ တေးသံရှင်မနောကတော့ " ကြာဖြူ ၊ ချစ်တယ် ၊ အချစ်စစ်ရဲ့တန်ဖိုး ၊ အကောင်းဆုံးအရှုးသမား ၊ နွေ ၊ တောင်သမန်အင်းရဲ့ကဗျာ" စတဲ့သီချင်းတွေနဲ့ နာမည်ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်လည်း ဖြစ်ပါတယ်။


မနောကတော့လက်ရှိမှာ အနုပညာအလုပ်တွေထက် ဘာသာရေးနဲ့ ပတ်သက်တဲ့ အလှူအတန်းတွေ၊ ဘုရားတည်တာတွေကိုသာ အဓိကထားလုပ်နေတာဖြစ်ပြီး မကြာသေးမီကလည်း သားနဲ့ သမီးကို သာသနာ့ဘောင်ကို အပြီးလှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။


အခုတစ်ခါမှာလည်း သူကိုယ်တိုင် ရာသက်ပန် ဘုန်းကြီးဝတ်တော့မယ်လို့ ဆိုထားပါတယ်။ မနောကတော့ အဆိုတော်ဘဝနဲ့ အောင်မြင်မှုတွေကို ကျောခိုင်းပြီး ကျန်ရှိနေတဲ့ ဘဝရဲ့ အချိန်တွေကို ဘုန်ကြီးဝတ်ကာ ကုသိုလ်လုပ်ပြီး ဖြတ်သန်းတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ သာဓုအကြိမ်ကြိမ်ခေါ်ဆိုရပါတယ် ကို မနောရေ ....



သတင်း အရင်းအမြစ်៖ မေနာ Manaaw's FB Acc





