ပရိတ်သတ်တွေအတွက် သီချင်းကောင်းများစွာသီဆိုခဲ့ပြီး အားလုံးကချစ်ကြတဲ့ idiots ဂီတအဖွဲ့က ပင်တိုင်အဆိုတော်တစ်ဦးဖြစ်တဲ့ ကိုရေမွန်ဟာ 2021 ခုနှစ်က ဇွန် ၂၃ ရက် မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့ရတယ်ဖြစ်ပါတယ်။

အားလုံးနဲ့ အဆင်ပြေအောင် နေတတ်ထိုင်တတ်ပြီး သူချစ်တဲ့ ပရိသတ်တွေအပေါ်လည်း တာဝန်ကျေပွန်လွန်းတဲ့ ရေမွန်ကိုဆုံးရှုးလိုက်ရတာ အရမ်းကိုနာကျင်စရာကောင်းလွန်းပါတယ်။ နှစ်တွေအချိန်တွေကြာသွားလဲ ကိုရေမွန်ကို မိခင်ဖြစ်သူရော ပရိသတ်တွေကပါ အခုချိန်ထိ မေ့မရနိုင် ဖြစ်နေကြတာပါ။

ကိုရေမွန်မရှိတော့ပေမယ့် သူ့ရဲ့သီချင်းတွေကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာမှာရော ပါးစပ်ဖျားမှာပါ စွဲမြဲနေသည်ထိ အောင်မြင်နေသူလည်း ဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုလည်း နိုင်ငံခြားသားတစ်ယောက်က မြန်မာသီချင်းတွေထဲမှာမှ အဆိုတော် Raymond သီဆိုထားတဲ့ သီချင်းတွေကိုပဲ သဘောကျတယ်လို့ဆိုကာ သူရဲ့ကားပေါ်မှာ ဖွင့်ပြီးနားထောင်နေတာပါ။

" ငါ့ညီမရဲ့ friend (နိုင်ငံခြားသား) က သူ့ကားထဲ နင့်သီချင်းဖွင့်နေတာမြင်တော့ ငါအံ့ဩသွားတာ
မြန်မာသီချင်းတွေထဲက I really like Raymond တဲ့
သူ့ playlist ထဲ နင့်သီချင်းတွေချည်းပဲ
May God bless you always ကွယ်" ဆိုပြီး နိုင်ငံခြားသားရဲ့ သူငယ်ချင်းဖြစ်သူက ရေးပြီးတင်ထားတာပဲ ဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ F to the IRE's IG Acc





