သရုပ်ဆောင်မကောင်းလို့ဆိုပြီး "Alchemy of Souls" မှ ထုတ်ပယ်ခံခဲ့ရတဲ့ မင်းသမီးချောလေး...

//s9.kh1.co/d0/d0110200b6743aefce024f6c7f89329128ef3a0a.jpg
အနုပညာရှင်များ

 ၁၄-လိုင်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၃ နှစ် က

Park Hye-eun ဟာ tvN ရဲ့ Saturday-Sunday ဒရာမာ “Alchemy of Souls” မှာ...

အခုဆိုရင် နာမည်ကြီး ဒရာမာ “Alchemy of Souls” ကထုတ်ခံခဲ့ရတဲ့ လူသစ်သရုပ်ဆောင်မင်းသမီး Park Hye-eun က ပရိတ်သတ်တွေကို သတင်းကောင်းပါးလိုက်ပါပြီ။

https://s9.kh1.co/__image/w=486,h=306,q=100/dd/dd3649b4112916a1b89810d8b2bc3fc540b3fccb.jpg

ဇူလိုင်လ 13 ရက်နေ့တွင် Park Hye-eun ရဲ့အေဂျင်စီ Kang Entertainment မှသူမဟာ tvN ရဲ့ အပတ်စဥ် ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့ တွေမှာထုတ်လွှင့်မယ့်ဒရာမာအသစ် “Adamas” တွင်ပါဝင်မယ်လို့ ကြေငြာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/2a/2aa8b502c09180bd4a8570be2720cf47b72c0fc6.jpg

“Adamas” ဟာ လွန်ခဲ့တဲ့ ၂၂ နှစ်က ဖြစ်ပွားခဲ့တဲ့ လူသတ်မှုရဲ့နောက်ကွယ်မှ ပထွေးဖြစ်သူကို သတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ သူတို့ရဲ့ဖခင်အရင်းအား စွဲချက်တင်ပြီး အမှန်တရားကို ဖော်ထုတ်ဖို့အတွက် အမြွှာညီအစ်ကိုများရဲ့ ဇာတ်လမ်းကို ပြောပြထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဇူလိုင်လ ၂၇ ရက်နေ့ ည ၁၀း၃၀ နာရီမှာ စတင်ပြသွားမှာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=378,h=370,q=100/0a/0addaa84e7693807bbe73a200caf70433cfba6e0.jpg

ဇာတ်ကားထဲမှာ Park Hye-eun ဟာ Haesong Group ရဲ့လျှို့ဝှက်အဖွဲ့အစည်း နောက်ဆုံးလက်နက်ဖြစ်ပြီး Ji Sung ၊ Seo Ji-hye ၊ Lee Soo-kyung ၊ Heo Sung-tae နဲ့ Oh Dae-hwan တို့က ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=435,q=100/9a/9a11a0a957044588c7a93f99918d4db99427be4b.webp

Park Hye-eun ဟာ tvN ရဲ့ Saturday-Sunday ဒရာမာ “Alchemy of Souls” မှာ ဇာတ်ဆောင်နေရာကနေ နုတ်ထွက်ပြီးကတည်းက ပိုပြီးအဓိပ္ပါယ်ရှိတဲ့ comeback ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။ အဲ့ဒီတုန်းက သူ့ကို သရုပ်ဆောင်တာညံ့လို့ဆိုပြီး ထုတ်ပယ်ခဲ့တာလဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/77/77fcb6bd0e922ed53a1081e38985de0bfca2c65f.webp

တစ်ချိန်တည်းမှာပဲ၊ Park Hye-eun ဟာ Netflix စီးရီး “School Nurse Files” မှာသူ့ရဲ့ထူးခြားသောအသွင်အပြင် နဲ့ဆွဲဆောင်မှုရှိတဲ့ဇာတ်ကောင်အတွက် ပွဲဦးထွက်ကတည်းက ပရိသတ်အကြိုက်တွေ့ခဲ့ပါတယ်။ မကြာသေးမီက သူမဟာ Kakao TV ရဲ့ ဒရာမာ "Borrowed Body" နှင့် wavve ရဲ့ ရုပ်ရှင် "Gentleman" တို့မှာ ပါဝင်မယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။

Photos-credit

Source: KBIZoom

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T