တောင်ကိုးရီးယားနိုင်ငံ ရဲ့ နိုင်ငံကျော် မင်းသားအဖြစ် လူသိများကျော်ကြားပြီး ပရိသတ်တွေရဲ့ အချစ်တွေကို တစ်ဝကြီးသိမ်းပိုက်ထားတဲ့ အနုပညာရှင်ကတော့ မင်းသားချော လီကွမ်ဆူ ပဲဖြစ်ပါတယ်။


လီကွမ်ဆူ ဟာ ရုပ်ရှင် ဇာတ်လမ်းတွဲ များ ၊ ရုပ်ရှင်ဇာတ်ကားများ နှင့် ဂိမ်းအစီအစဉ်များတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူ့ရဲ့ သူများနဲ့မတူတဲ့ ဟန်ပန်ကြောင့် ပရိသတ်တွေ ရဲ့ အသည်းကျော်ပဲလှော်လေး ဖြစ်နေတာပဲဖြစ်ပါတယ်။


ဒီကနေ့ဟာ သစ်ကုလားအုတ် လို့ အများက ချစ်စနိုးနဲ့ခေါ်ဆိုကြတဲ့ လီကွမ်ဆူ ရဲ့ အသက် (၃၇)နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ လီကွမ်ဆူတစ်ယောက် ပရိသတ်တွေရဲ့ အချစ်တွေကို ဒီ့ထက်ပိုသိမ်းပိုက်နိုင်ပြီး ဒီ့ထက်မက အောင်မြင်ကျန်းမာပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။




