Blackpink အဖွဲ့ဝင် Jisoo ဟာ အရည်အချင်းမရှိတဲ့သူလို့ ပြောပြီးနောက် ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတဲ့Rolling Stone Korea

//s9.kh1.co/ad/adcba01960057dd09eec585890a47e0a635180cc.jpeg
အနုပညာရှင်များ

 ၁၂-လိုင်-၂၀၂၂ ၉am · လွန်ခဲ့သော ၄ နှစ် က

Blackpink အဖွဲ့ဝင် Jisoo ဟာ အရည်အချင်းမရှိတဲ့သူလို့ ပြောပြီးနောက် ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတဲ့Rolling Stone Korea

မကြာသေးမီက Rolling Stone Korea ကထုတ်ပြန်လိုက်တဲ့ Blackpink အကြောင်း ဆောင်းပါးအပြီးမှာ Jisoo ကို တောင်းပန်ဖို့အတွက် ပရိသတ်တွေအများအပြားက တောင်းဆိုခဲ့ကြပါတယ်။ 

Google
Google
Google
Google

Blackpink အကြောင်းရေးထားတဲ့ ဆောင်းပါနဲ့ ပတ်သတ်ပြီးတော့လည်း ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေ အများအပြားက ဒေါသထွက်နေကြပါတယ်။  အကြောင်းအရင်းကို ဆက်ပြီး ဖော်ပြပေးသွားပါမယ်နော်။ 

Google
Google

Rolling Stone Korea ဟာ မကြာသေးမီက ကမ္ဘာနဲ့ချီပြီး အောင်မြင်မှုတွေ ရရှိနေတဲ့ အဖွဲ့အကြောင်း ဆောင်းပါးတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ဆောင်းပါးထဲမှာ Blackpink အဖွဲ့ဝင် Jisoo ဟာ အဖွဲ့ထဲမှာ ထူးချွန်တဲ့ စွမ်းရည်မရှိတဲ့ သူဖြစ်ကြောင်း ထည့်သွင်းရေးသားထားပါတယ်။ အဆိုပါ ဆောင်းပါး တင်ပြီးပြီးချင်းမကြာမီမှာပဲBLACKPINK ပရိသတ်များ ဟာ ချက်ချင်းဆိုသလို ဒေါသထွက်ခဲ့ကြပါတယ်။ 

Twitter
Twitter

ဆောင်းပါးထဲမှာ ထည့်သွင်းရေးသားထားတဲ့ အကြောင်း အရင်းအပြည့်အစုံကို အောက်မှာ ဘာသာပြန်ပေးထားပါတယ်။ 

Twitter
Twitter

“Jisoo က Blackpink အဖွဲ့ထဲမှာ အပြောင်မြောက်ဆုံးအဆိုရှင် မဟုတ်သလို အကသမားအဖြစ်လည်းအရည်အချင်း ပြည့်မီတဲ့ သူမဟုတ်ပါဘူး။ ဒါပေမယ့် Blackpink အဖွဲ့ထဲမှာ သူမရဲ့ ပုံစံက အရမ်းထင်ရှားနေပါတယ်။”  

Twitter
Twitter

Jisoo ကို အခြားအဖွဲ့ဝင်များနဲ့ နှိုင်းယှဉ်ပြီး သိက္ခာချတဲ့ အရေးအသားမျိုး ဖြစ်တာကြောင့် အဆိုပါ ဆောင်းပါးတင်ပြီးပြီးချင်းမှာပဲ Jisoo ကို ပြန်တောင်းပန်ဖို့ Blackpink ပရိသတ်တွေက Rolling Stone Korea ကို တောင်းဆိုထားကြပါတယ်။

Twitter
Twitter
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T