သေချာအချိန်ပေး ကုသရင်လည်း မျက်စိကွယ်ရနိုင်ခြေရှိနေတဲ့ ဂျူမုံမင်းသားကြီး Song Il Guk

//s9.kh1.co/69/699c3ff0bf7122f5478d77bb1b3bef5e96f3822d.jpeg
အနုပညာရှင်များ

 ၁၂-လိုင်-၂၀၂၂ ၉am · လွန်ခဲ့သော ၃ နှစ် က

သေချာအချိန်ပေး ကုသရင်လည်း မျက်စိကွယ်ရနိုင်ခြေရှိနေတဲ့ ဂျူမုံမင်းသားကြီး Song Il Guk

ဂျူမုံလို့ လူသိများတဲ့ Song Il Guk ဟာဆိုရင် အသက် ၅၀ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး အမျိုးသမီး ဖြစ်သူနဲ့ ၂၀၀၈ ခုနှစ် မှာ လက်ထပ်ထားတာဖြစ်ပါတယ်။ လက်ထပ်ပြီးနောက်မှာ Daehan ၊ Minguk နဲ့ Manse လို့ အမည်ရတဲ့ ၃ မွှားပူးလေးရဲ့ အဖေ ဖြစ်လာတဲ့ Song Il Guk ရဲ့ ကျန်းမာရေးဟာ အရမ်းကြီး အားရဖို့မကောင်းခဲ့ပါဘူး။ 

Google
Google

Song Il Guk  ဟာ မျိုးရိုးစဉ်ဆက် ရေတိမ်ရောဂါ ကို ခံစားနေရတယ်လို့ လွန်ခဲ့တဲ့ ၇ နှစ်လောက်က ပြောခဲ့ဖူးပါတယ်။ အဆိုပါ ရေတိမ်က မျက်လုံးအတွင်းထဲမှာ ဖိအားတစ်ခုအနေနဲ့ ရှိနေတာကြောင့် မျက်လုံး အာရုံကြော၈၀ရာခိုင်နှုန်းနီးပါ ပျက်စီးသွားခဲ့ရပြီး မကုသပါက ၅ နှစ် ကနေ ၁၀ နှစ်အတွင်း မျက်စိကွယ်သွားနိုင်တယ် လို့ သိရပါတယ်။ ကုသပါကလည်း အနည်းဆုံး နှစ် ၃၀ အထိ ထိန်းသိမ်းထားနိုင်တယ်လို့ ဆရာဝန်က ဆိုထားကြောင်း သိရပါတယ်။ 

Google
Google
Google
Google

ကုသသည်ဖြစ်စေ မကုသသည် ဖြစ်စေ မင်းသားကြီး Song Il Guk ရဲ့ မျက်လုံး အခြေအနေကတော့ အရမ်းကိုစိုးရိမ်ရတဲ့ အနေအထား တစ်ခုမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ မျိုးရိုးစဉ်ဆက် မျက်လုံးရောဂါကို အမွှာလေး ၃ယောက်ထဲမှာ Daehan (အဝေးမှုန်) နဲ့ Manse (မျက်စိဆုံချက်မညီခြင်း ) တို့ နှစ်ယောက်လည်း ခံစားလျက်ရှိနေကြတယ်လို့ သိရပါတယ်။ 

Google
Google
Google
Google

မျိုးရိုး စဉ်ဆက် မျက်စိရောဂါကို ခံစားနေရတဲ့ မင်းသားကြီး Song Il Guk ဟာ လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေရပ်နားထားပြီး ကလေးတွေနဲ့ မိသားစုအတွက်ပဲ အဓိကအချိန်ပေးဖြစ်နေတယ်လို့ သိရပါတယ်။ 

Google
Google
Google 
Google 

ပရိသတ်တွေ တစ်ချိန်က သဲသဲလှုပ် နှစ်ခြိုက်အားပေးခဲ့ရတဲ့ ဂျုမုံမင်းသားကြီး အနုပညာလောကမှာ သိပ်မတွေ့ရတော့တဲ့ အကြောင်းအရင်းကို မသိသေးတဲ့ ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T