တစ်ခေတ်တစ်ခါက ပရိသတ်တွေရဲ့ အချစ်တော် ဖြစ်ခဲ့တဲ့ မင်းသားကြီး ဒွေး နဲ့ မင်းသားကြီး ကျော်ဟိန်း တို့ ဟာ လူ့လောကမှ ထွက်ခွာသွားတာဆိုရင် ဒွေး အနေနဲ့ ကွယ်လွန်တာ (၁၅)နှစ် ၊ ကျော်ဟိန်း အနေနဲ့ ကွယ်လွန်တာ (၂)နှစ်ရှိပြီပဲ ဖြစ်ပါတယ်။


ဆရာတပည့် တူဝရီးတော်စပ်ကြတဲ့ မင်းသားကြီး ကျော်ဟိန်း နဲ့ မင်းသား ဒွေး ကွယ်လွန်ခြင်း အထိမ်းအမှတ်နေ့ဟာ ထူးဆန်းစွာပဲ ဇူလိုင်(၁၁)ရက်အဖြစ် တစ်ရက်တည်း ကျရောက်နေတာဖြစ်ပြီး ဇူလိုင်(၁၁)ရက်နေ့ဟာ ပရိသတ်တွေစိတ်ထဲမှာလည်းအမြဲ မေ့မရနိုင်တဲ့ရက်အဖြစ် ပါဝင်ပါတယ်။


ဒီကနေ့ ကျရောက်လာတဲ့ ဇူလိုင်(၁၁)ရက်နေ့မှာ ကိုသားကြီး နဲ့ ဦးကျော်ဟိန်းကွယ်လွန်ခြင်းအတွက် မင်းသား ဇွဲနိုင်ဝင်း က ဘုန်းကြီးဝတ်ဖြင့် အလှူဒါနများပြုလုပ်ပေးခဲ့ပါတယ်။ ခုလိုပြုလုပ်ပေးရတဲ့ ကုသိုလ်တွေကြောင့် ဦးဇင်း ဇွဲနိုင်ဝင်းတစ်ယောက်လည်း ဒီ့ထက်ပိုမို အေးချမ်းတဲ့ဘဝကိုပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။











