မင်းသား Lee Jong-suk ဟာ စစ်တပ်က ထွက်လာပြီးနောက် သူ့ရဲ့ comeback drama အဖြစ် "Big Mouth" ကို ရွေးချယ်ခဲ့တဲ့ အကြောင်းအရင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ MBC ရဲ့ သောကြာ-စနေနေ့ ဒရာမာဇာတ်လမ်းအသစ်ဖြစ်တဲ့ "Big Mouth" က လူသတ်မှုကိစ္စမှာ ဖမ်းဆီးခံလိုက်တဲ့ ရှေ့နေတစ်ဦးကနေ လိမ်လည်သူပါရမီရှင် "Big Mouse" နေ့ချင်းညချင်း ဖြစ်လာတဲ့ ဇာတ်လမ်းအမျိုး အစားပဲဖြစ်ပါတယ်။

“Big Mouth” မှာ မင်းသား Lee Jong-suk က Park Chang-ho အဖြစ်သရုပ်ဆောင်ခဲ့ပြီးတော့ အရင်တုန်းက ဒရမ်မာဇာတ်ကားတွေမှာ မပြသခဲ့ဖူးတဲ့ အသွင်အသစ်နဲ့ ပြသနေခဲ့တာကြောင့် ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေကလည်း မြင့်တက်နေပါတယ်။ ဒါကြောင့်ပဲ “Big Mouth” ကို Lee Jong-suk က ဘာလို့ ရွေးချယ်ခဲ့တယ်ဆိုတာကို ပရိသတ်တွေက သိချင်နေကြပါတယ်။

ပထမဆုံးအနေနဲ့ Lee Jong-suk က ဒါရိုက်တာ Oh Choong-hwan နဲ့ အရမ်းခင်မင်ရင်းနှီးခဲ့ပြီး အရင်ကလိုပဲ သူနဲ့ တွဲလုပ်ရတာ ပျော်တဲ့အတွက်ကြောင့် ဒီဇာတ်ကားကိုရွေးချယ်ခဲ့ကြောင်းကို ရှင်းပြခဲ့ပါတယ်။ နောက်ပြီး လိမ်လည်သူ ဉာဏ်ကြီးရှင်တစ်ယောက်အဖြစ် သံသယရှိခံရတဲ့ သာမန်ရှေ့နေတစ်ယောက် ဇာတ်ရုပ်က အရမ်းစိတ်ဝင်စားဖို့ကောင်းကြောင်း ပြောခဲ့ပါတယ်။

ရှင်သန်ဖို့အတွက် အကောင်းနဲ့အဆိုးကြား အပြန်ပြန်အလှန်လှန် လည်ပတ်နေတဲ့ Park Chang-ho ဇာတ်ရုပ်ကနေတစ်ဆင့် ပရိသတ်တွေဆီကို အသစ်တစ်ခုကို ပြသနိုင်မယ်လို့ ထင်ခဲ့တာကြောင့်လည်း “Big Mouth” ကို ရွေးချယ်ခဲ့တယ်ဆိုတာကို ထုတ်ပြောခဲ့ပါတယ်။

source - kbizoom





