လက်နဲ့ ခဏခဏ မထိသင့်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း (၄) ခု

//s9.kh1.co/c7/c7e01650ced1935c11688f4a3848a5ef70d93b4b.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၁၁-လိုင်-၂၀၂၂ ၈am · လွန်ခဲ့သော ၂ နှစ် က

.

နေ့တိုင်း မတူညီတဲ့ နေရာတွေကို သွားတဲ့အခါမျိုးမှာ လက်ကနေ ပစ္စည်းအမျိုးမျိုးကို ထိတွေ့ပြီးတော့ အဲဒီနေရာတွေကနေ ဘက်တီးရီးယားတွေ ကို သယ်ဆောင်လာပါတယ်။ ဒီလက်တွေကို ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအမျိုးမျိုးမှာ ပြန်လည်ထိတွေ့တဲ့အခါမှာ တော့ ကျန်းမာရေးကို ထိခိုက်စေတာဖြစ်ပါတယ်။ အဲ့ဒီထဲမှာမှ လက်နဲ့လုံးဝမထိသင့်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း အချို့ ပါဝင်ပါတယ်။

https://s9.kh1.co/__image/w=650,h=341,q=100/88/8894e917a2d4d4c312cabd9c6bbc5c04f720e17c.jpg

(၁) မျက်လုံး

မျက်လုံးက ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ မျက်လုံးက နူးညံ့ပြီး စိုစွတ်တာကြောင့် ပိုးမွှားကပ်တွယ်တာ လွယ်ပါတယ်။ ဒါကြောင့် မျက်လုံးတွေကို လက်ဗလာနဲ့ ဘယ်တော့မှ မထိသင့်ပါဘူး။ သန့်ရှင်းတဲ့ရေနဲ့ ဆေးကြောတာမျိုးပဲ ပြုလုပ်သင့်ပါတယ်။

https://s9.kh1.co/__image/w=650,h=365,q=100/12/1261723071b4741c1d5e48d054016f24ed722385.jpg

(၂) နား

နားက ဂရုတစိုက်ကိုင်တွယ်ဖို့ လိုအပ်တဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ နားရွက်ကို ဖုံးအုပ်ထားတဲ့ အလွှာကလည်း ပါးလွှာပြီး အလွန်ထိခိုက်လွယ်တဲ့အတွက်ကြောင့် အဲ့ဒီက အညစ်အကြေးတွေကို လက်ချောင်းတွေနဲ့  သန့်ရှင်းရေးလုပ်ခြင်းက အလွယ်တကူ ပေါက်ပြဲနိုင်ပါတယ်။ ယားယံတဲ့အခါမျိုးမှာ ဂွမ်းစလေး ဂရုတစိုက်သုံးပြီးတော့ သန့်ရှင်းသင့်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/b0/b00488790580cf51a6b2fc708c31bc7346d4fbab.jpg

(၃) မျက်နှာ

မျက်နှာက ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အလွန်နူးညံ့သိမ်မွေ့ပါတယ်။ ဒါကြောင့် ရောဂါပိုးတွေက မျက်နှာကို အလွယ်တကူ ထိခိုက်စေနိုင်ပါတယ်။ မျက်နှာကို လက်နဲ့မထိမိအောင် ရှောင်သင့်ပါ တယ်။

https://s9.kh1.co/__image/w=450,h=299,q=100/3b/3b1858a8ac4bd56791f3e399023e9bcf81b36df9.jpg

(၄) ပါးစပ်

လက်သည်းကိုက်တတ်တဲ့အကျင့်ရှိသူတွေ သတိထားဖို့လိုအပ်ပါတယ်။ ပါးစပ်ကို လက်နဲ့ ကိုင်တွယ်နေမယ်ဆိုရင် ပိုးမွှားတွေအကုန်လုံးက ပါးစပ်ထဲကို ရောက်သွားပါလိမ့်မယ်။

အချုပ်ပြောရရင် လူအများစုက သူတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လက်နဲ့ကိုင်တွယ်လေ့ရှိပါတယ်။ ဒါက သာမန်ဖြစ်တယ်ဆိုပေမယ့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့အလေ့အကျင့်ဖြစ်ပါတယ်။ဒီအလေ့အကျင့်ကနေပဲ ကျန်းမာရေး ဆိုးကျိုးများစွာကို သက်ရောက်စေမှာပါ။

source - latestly

Rain
Rain

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T