ချစ်တဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်အောင် ဟဒယရွှင်ဆေးတိုက်ကျွေးဖူးခဲ့တဲ့ ဟာသလူရွှင်တော်ကြီး ဦးမေတ္တာဟာ ကွယ်လွန်သွားရှာတာကြာလာ ပေမယ့် ချစ်ရတဲ့သူတွေကတော့ ယနေ့အချိန်ထိ သတိရနေတုန်းပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေနဲ့ ရယ်မောစရာဟာသ ပြက်လုံးတွေကတော့ ယခုအချိန်ထိ ပရိသတ်တွေရဲ့ ရင်ထဲမှာ အမှတ်ရနေဆဲပါ။


အနုပညာလမ်းခရီးမှာ ဦးမေတ္တာမရှိတော့ပေမယ့်
သားဖြစ်သူ မေတ္တာမြင့်မြတ်ဟိန်းကတော့ ဖခင်ရဲ့ အနုပညာ အမွေကို ဆပ်ခံပြီး အောင်မြင်မှုရရှိအောင် ကြိုးစားလျှောက်လှမ်းနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ မေတ္တာမြင့်မြတ်ဟိန်းဟာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကိုလည်း အခိုင်အမာရရှိနေခဲ့ပါတယ်။ ဖခင်ဖြစ်သူကို အမြဲ လွမ်းဆွေသတိရပြီး မကြာခဏပရိသတ်တွေကို ရင်ဖွင့်လေ့ရှိတဲ့ မေတ္တာမြင့်မြတ်ဟိန်းက ယခုမှာ စိတ်မကောင်းစရာလေးတစ်ခု ပြသလာတာ တွေ့ရပါတယ်။


ဒါကတော့ ဖခင်ကြီး ဦးမေတ္တာရှိစဥ်အခါက အမှတ်ရိုက်ကူးထားတဲ့ ပုံရိပ်အချို့ကို သူ့ရဲ့ရင်ဘက်ပေါ်မှာ သေရာပါတဲ့အထိ တက်တူးရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီတက်တူးနဲ့ပတ်သက်ပြီး မေတ္တာမြင့်မြတ်ဟိန်းက သူ့ရဲ့ လူမှုကွန်ယက်မှာ "ဖေဖေ့ပုံလေးကို တန်ဖိုးတစ်ပြားတချက်မှမယူဘဲ အမှတ်တရရေးဆွဲပေးမယ်ဆိုပြီး အချိန်ယူ လက်ရာမြောက်အောင် စိတ်ရှည်ရှည်နဲ့ ရေးဆွဲပေးတဲ့ အတွက် ကျေးဇူးဂါရဝပါဗျာ ....အရမ်းလွမ်းတယ် ဖေဖေ" ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။ ဖခင်ရဲ့ ပုံလေးကို ရင်ဘက်ပေါ်မှာ ရေထိုးထားတာလေးကတော့ မြင်သူတိုင်း ကြည်နူးမိသလို စိတ်မကောင်းလည်း ဖြစ်ခဲ့ရပါတယ်။

သတင်း အရင်းအမြစ်៖ Source : Myittar Myint Myat Heins