ကောင်းမွန်လွန်းတဲ့ RAP စာသား ၊ သီချင်းဖန်တီးမှုတွေနဲ့ RAPလောကရဲ့ ဘုရင်လို့ ခေါ်ဆိုရပြီး တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့ အားပေးမှုကို အခုချိန်အထိ သိမ်းပိုက်ထားတဲ့ အမိုက်စား အနုပညာရှင်လို့ ဆိုလာရင်တော့ Eminem ကိုဖော်ပြရမှာဖြစ်ပါတယ်။


Eminem ဟာ သီချင်းပေါင်းများစွာကို ဖန်တီးခဲ့ပြီး အဆိုတော်ပေါင်းများစွာနဲ့လည်း Collaboration တွေလုပ်ခဲ့ပါသေးတယ်။ အဲ့ထဲမှာမှ သူ့ရဲ့ ငယ်သူငယ်ချင်းလို့ဆိုလို့ရတဲ့ 50 Cent နဲ့ ပေါင်းစပ်တဲ့သီချင်းတွေကတော့ လုံးဝအမိုက်စား အတွဲညီချက်ပါပဲ။


အခုလည်း အတွဲညီခဲ့တဲ့ အဆိုတော် 50 Cent အတွက် Eminem က အမှတ်တရပုံတစ်ပုံနဲ့အတူ မွေးနေ့ဆုတောင်းတောင်းပေးလာခဲ့ပါတယ်။ ပရိသတ်တွေကလည်း Eminem နဲ့ 50 Cent တို့ရဲ့ အတူတွဲ၍ ဖန်တီးမယ့်အသစ်အသစ်သော သီချင်းတွေကိုနားထောင်ချင်နေကြတယ်လို့ မှတ်ချက်တွေပေးခဲ့ကြပါတယ်။




