GOT7 အဖွဲ့ဝင် JAY B ဟာဆိုရင် Special effects ပညာရှင်မလေး PURE.D (Kim Do Hyun) နဲ့ တရားဝင်တွဲနေပြီဖြစ်ကြောင့် ဒီကနေ့ ဇူလိုင် ၇ ရက်နေ့မှာ ကြေညာလိုက်ပြီပဲ ဖြစ်ပါတယ်။ နှစ်ဦးသား တွဲနေကြပြီဆိုတဲ့ သတင်းကိုနှစ်ဖက် အေဂျင်စီဘက်ကနေ အတည်ပြုပေးခဲ့တာဖြစ်ပြီး တွဲနေတာ ၉ လတောင် ရှိသွားပြီလို့ သိရပါတယ်။



၁၉၉၄ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ GOT7 အဖွဲ့ဝင် JAY B ဟာ Dream High 2 ဇာတ်လမ်းတွဲမှာ သရုပ်ဆောင် အဖြစ်နဲ့ပွဲဦးထွက်ခဲ့ပြီး duo JJ ပရောဂျက်မှာလည်း ပါဝင်ဖူးတဲ့ သူဖြစ်ပါတယ်။ JAY B ဟာ JYP အင်တာတိန်းမန့်ကနေလမ်းခွဲပြီးတဲ့နောက်မှာ H1GHR MUSIC နဲ့ လက်တွဲခဲ့တာ ဖြစ်ပါတယ်။

PURE.D ဟာဆိုရင်လည်း ၁၉၉၂ ခုနှစ်မှာမွေးဖွားခဲ့တဲ့သူဖြစ်ပြီး ရုပ်ရှင် ဇာတ်လမ်းတွေမှာ အဓိကကျတဲ့ အခန်းကဏ္ဍဖြစ်တဲ့ Special Effects ပညာရှင်အဖြစ် ရပ်တည်နေတဲ့သူဖြစ်ပါတယ်။ PURE.D ဟာ subscriber ၄ သိန်းကျော်ရှိတဲ့ YouTube Channel ကို ပိုင်ဆိုင်ထားပြီး YouTube လောကမှာ နာမည်ကြီးတစ်ယောက်အဖြစ် ရပ်တည်နေတဲ့သူ ဖြစ်ပါတယ်။

နှစ်ယောက်စလုံးက တစ်ယောက်နယ်ပယ်ဆီမှာ တစ်ယောက် အောင်မြင်ကျော်ကြားနေတဲ့ သူတွေ ဖြစ်တာကြောင့်ပရိသတ်တွေက များစွာ သဘောတူထားကြပါတယ်။
