ROSÉ လို့ အားလုံးသိကြတဲ့ Black Pink အဖွဲ့ဝင် Roseanne Park က အသက်အရွယ်နဲ့ မလိုက်အောင်ကို တော်တဲ့အနုပညာရှင်တစ်ယောက်လဲ ဖြစ်ပါတယ်။ ROSÉ ဟာဆိုရင် Stage ပေါ်မှာ အမိုက်စား face expression တွေနဲ့ပရိတ်သတ်တွေရဲ့အသည်းကို ဖမ်းစားနိုင်တဲ့သူလေးပါ။ ROSÉ က အက သီချင်းဆိုတာတွေ အပြင် ခန္ဓာကိုယ်သေးသေးသွယ်သွယ်လေးနဲ့ Smart ကျအောင်လဲ ဝတ်ဆင်တတ်ပါသေးတယ်။



Rosé ကအရွယ်နဲ့မလိုက်အောင်တော်တဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို ခန္ဓာကိုယ်သေးသေးသွယ်သွယ်လေးနဲ့သီချင်းဆိုကောင်းတဲ့အပြင် အက၊ ဂီတာတီးတဲ့အရာတွေမှာလည်း ကျွမ်းကျင်သူလေးဖြစ်ပါတယ်။



အဆိုရော အကမှာပါ သူမတူအောင်ထူးချွန်တဲ့ Rosé က ငယ်စဉ်လေးကတည်းက ငယ်ရုပ်မပျောက်ဘဲ အခုချိန်အထိ ချစ်ဖို့ကောင်းနေတဲ့သူလေးဖြစ်ကြောင်းကိုလည်း သူမရဲ့ငယ်ဘဝပုံလေးတွေက သက်သေပြလို့နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေအတွက် Rosé ရဲ့ ရှားရှားပါးပါး ငယ်ဘဝပုံရိပ်လေးတွေကို စုစည်းပြီး ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။













Photo Credit & Source: ROSÉ BLACKPINK FANS CLUB