တောင်ကိုရီးယားမင်းသမီး Shin Ye Eun ဟာဆိုရင် လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက ပွဲဦးထွက်လာတာဖြစ်ပြီး ပွဲဦးထွက်စဉ်ကတည်းက Suzy နဲ့တူတယ်ဆိုပြီး လူစိတ်ဝင်စားမှုခံခဲ့ရတာဖြစ်ပါတယ်။ သူမကို ၁၉၉၈ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ရုပ်ရှင်ဇာတ်လမ်းတွဲ တော်တော်များများမှာလည်း ပါဝင်ဖူးတာကြောင့် လူသိများပါတယ်။ Shin Ye Eun ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ Nation’s First love လို့ နာမည်တွင်တဲ့ Suzy နဲ့ ရုပ်ချင်းတူလွန်းတယ်လို့ ပရိသတ်တွေတော်တော်များများက မှတ်ချက်တွေပေးထားကြပါတယ်။


Shin Ye Eun ဟာဆိုရင် ပြီးခဲ့တဲ့ ၄ နှစ်တာကာလအတွင်းမှာ အထင်ကြီးဖို့ ကောင်းလောက်တဲ့ စိတ်ထဲစွဲနေတဲ့ လုပ်ဆောင်ချက်မျိုး တစ်ခါမှ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။

ယေဘုယျအားဖြင့် ခြုံကြည့်မယ်ဆိုရင်လည်း Shin Ye Eun ရဲ့ လုပ်ဆောင်ချက်တွေအများစုက rating နည်းနည်းလေးနဲ့ အဆုံးသတ်သွားကြတာများပါတယ်။ စတင်ပွဲဦးထွက်လာခဲ့တဲ့ “He Is Psychometric” ဇာတ်လမ်းတွဲမှာလည်း rating ၂.၃ ရာခိုင်နှုန်းထိပဲ ရရှိခဲ့ပါတယ်။ “Meow The Secret Boy” ဇာတ်လမ်းတွဲမှာလည်း rating ၁ ရာခိုင်နှုန်းပဲ ရရှိခဲ့ပါတယ်။ “More Than Friends” ဇာတ်လမ်းတွဲဟာလည် ထင်သလောက် အောင်မြင်မှု မရရှိခဲ့ပါဘူး။ ဇာတ်လမ်းတွဲ ၃ ခုဆက်တိုက် အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် Shin Ye Eun ဟာ အသစ်ထွက်လာတဲ့ ဇာတ်လမ်းတွဲတွေမှာ ခေါင်းဆောင်မင်းသမီးအဖြစ် မပါဝင်နိုင်ခဲ့တော့ပါဘူး။

Netizen တွေရဲ့ သုံးသပ်ချက်အရ Shin Ye Eun ဟာ ဇာတ်လမ်း ဇာတ်ညွှန်းရွေးတာ ညံ့ပြီး ကမ်းလှမ်းတဲ့ ဇာတ်လမ်းတွဲတိုင်းလိုလိုမှာ ပါဝင်ခဲ့တာကြောင့် အခုလို ကျရှုံးရတာလို့ ဆိုပါတယ်။



မျက်နှာလေးက ချောမောပြီး ရုတ်တရက်ကြည့်လိုက်ရင် Suzy နဲ့ တူလွန်းတာကြောင့် Suzy အသေးစားလေးလို့ နာမည်ပြောင်ရရှိထားတဲ့ Shin Ye Eun ဟာ Suzy လိုမျိုး အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်တော့ မဖြစ်နိုင်ခဲ့ပါဘူး။ Shin Ye Eun တစ်ယောက် နောက်ထပ် ဇာတ်လမ်းတွဲတွေမှာ အောင်မြင်မှုတွေ ဆက်ပြီး ထိန်းထားနိုင်မလား မထိန်းထားနိုင်မလားဆိုတာကိုတော့ ဆက်လက်ပြီးစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။





