လုပ်ငန်းရှင်တစ်ယောက်ဆီကနေ ကားတစ်စီးလက်ဆောင်ရလို့ ဝမ်းသာပျော်ရွှင်နေတဲ့ အလှမယ်သင်းသင်း

//s9.kh1.co/63/638c126808fc539f99829eb4213e7abf6a87d51b.jpg
အနုပညာရှင်များ

 ၀၇-လိုင်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၄ နှစ် က

လုပ်ငန်းရှင်တစ်ယောက်ဆီကနေ ကားတစ်စီးလက်ဆောင်ရလို့ ဝမ်းသာပျော်ရွှင်နေတဲ့ အလှမယ်သင်းသင်း

သင်းသင်းဟာဆိုရင် မော်ဒယ်အလုပ်ကနေ အနုပညာလှုပ်ရှားမှုလောကထဲကို ရောက်ရှိလာတဲ့ သူဖြစ်ပြီး ခက်ခဲတဲ့ ဘဝပေါင်းစုံကို ရင်ဆိုင်ကျော် ဖြတ်ခဲ့ရတဲ့သူဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် အလှမယ် သင်းသင်းက အွန်လိုင်းပေါ်မှာ Live လွှင့်ပြီး ဈေးရောင်းနေတာပဲဖြစ်ပါတယ်။ သင်းသင်းဟာ အနုပညာသည်တစ်ယောက်ဖြစ်ပေမယ့် ကိုယ်ပိုင်ကားလေး တစ်စီးတောင် မရှိတာကြောင့် အလုပ်အတွက် တစ်နေရာကနေ တစ်နေရာ သွားရင် သူများကားကို ကပ်ပြီးစီးခဲ့ရတယ်လို့ သိရပါတယ်။ အနှိမ်ခံ ၊ အပြောခံဘဝကနေ ရုန်းကန်လာခဲ့တဲ့ သင်းသင်းကို သူမ Live လွှင့်ပြီးဈေးရောင်းနေတဲ့ ဆီက သူဌေးမက ကားတစ်စီး လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Thin Thin 's Facebook
Thin Thin 's Facebook

အလှမယ်သင်းသင်းကတော့ ကိုယ်ပိုင်ကားလေး ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ အတွက် အရမ်းကို ပျော်ရွှင်နေခဲ့ပြီး သူမရဲ့ အဖိနှိပ်ခံ ဘဝ အတွေ့အကြုံကို အခုလို ရှင်းပြပေးလာခဲ့ပါတယ်။

Thin Thin 's Facebook
Thin Thin 's Facebook
Thin Thin 's Facebook
Thin Thin 's Facebook

“သင်းသင်းဆို အမြဲလိုလို အနှိမ်ခံအပြောခံရပါတယ်

အသိုင်းဝိုင်းကမရှိ ပိုက်ဆံကမချမ်းသာတော့

တောက်တောက်ပြောင်ပြောင် ဝတ်စားနေရင်တောင်

ကိုယ့်အတွေးနဲ့ ကိုယ့်သင်းအပေါ်ကို အထင်သေးကြတယ်

#ဟိုအရင်ကတိုင်း ရူတင်သွားလို့ ကိုယ့်ကကားမရှိတော့

#ကားရှိတဲ့သူနောက် လိုက်ခဲ့ရပါတယ်

#သင်းဆိုတာနဲ့ အွန်လိုင်ပေါ်မှာ ပြောသူများပြီလေ?

#ကျွန်မက အမြဲတမ်း ကျွန်မအတွက်အဓိကဘာမှမထားပါဘူး

#ကျွန်မကိုအားကိုနေတဲ့ မိဘမွေးချင်းအတွက်ပြည့်စုံချင်တာပဲသိတယ်

#အခုသင်းအတွက် သွားရလာရတာအဆင်ပြေဖို့

#ကားလေးတစ်စီး …ဝယ်ပေးတဲ့

#မမကျေးဇူးအများကြီး တင်တာထက်ပြောစရာစကားလုံးမရှိအောင်ပါပဲ

#ဘယ်တော့မှလဲ ကျေးဇူးမမေ့ပါဘူး မမတို့မိသားစုကို

??????????

#အခြားအနုပညာရှင်တွေအေများကြီးထဲကမှ

#သင်းကိုမှ ရွေးချယ်ပြီး အလုပ်လေးအပ်ပေးခဲ့တာကိုလဲ

#ဘယ်တော့မှ မမေ့ပါဘူးမမ ??သင်းအရမ်းပျော်လွန်းလို့မျက်ရည်ပါကျမိပါတယ်???

#မမကိုယ်တိုင် လိုက်ဝယ်ပေးထားတဲ့ ကားလေးနဲ့”

Thin Thin 's Facebook
Thin Thin 's Facebook

ကားတစ်စင်းလုံး လက်ဆောင်ရခဲ့တာဆိုတော့ သင်းသင်းတစ်ယောက်ကတော့ အတိုင်း မသိကို ဝမ်းသာပျော်ရွှင်နေတာပါနော်။ ကားတစ်စင်းလက်ဆောင်ရခဲ့တဲ့ သင်းသင်း ရဲ့ အပျော်တွေ အားလုံးဆီကို ကူးဆက်သွားစေဖို့အတွက် အခု အကြောင်း အရာလေးကို ဖော်ပြပေးလိုက်ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T