Fan တစ်ယောက်ရဲ့ မွေးနေ့ပွဲမှာ Birthday Surprise လုပ်ပေးခဲ့တဲ့ ပိုးမိ ရဲ့ ကြည်နူးစရာ ဗီဒီယို

//s9.kh1.co/42/424fdc61a2faaedffd3b51870c74a3a322f5b3b0.jpg
အနုပညာရှင်များ

 ၀၆-လိုင်-၂၀၂၂ ၈pm · လွန်ခဲ့သော ၄ နှစ် က

.

အသံပါဝါကောင်းကောင်းနဲ့ ဂီတလမ်းခရီးကို လျှောက်လှမ်းနေတဲ့ သူကတော့ အဆိုတော် ပိုးမီပဲ ဖြစ်ပါတယ်။ ပိုးမီဟာ Myanmar Idol အဆိုပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားခဲ့တာ ဖြစ်ပါတယ်။ သူမထွက်ရှိခဲ့တဲ့ သီချင်းတွေကလည်း အကောင်းဆုံးဖန်တီးထားတာကြောင့် လူငယ်တွေကြားမှာ ရေပန်းစားခဲ့တာ တွေ့ရပါတယ်။

Photo Credit - Poe Mi
Photo Credit - Poe Mi
Photo Credit - Poe Mi
Photo Credit - Poe Mi

လတ်တလောမှာလည်း သူဝါသနာပါရာ ဂီတတွေကို ဖန်တီးကြိုးစားနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ချစ်ရတဲ့ ချစ်သူလေးနဲ့လည်း ဘုရားသွားကျောင်းတက် ကောင်းမှုကုသိုလ်လေးတွေ လုပ်ကိုင်နေတာတွေ့ရပါတယ်။ ယခုမှာတော့ ပိုးမီက ပရိသတ်တွေ ထပ်တူကြည်နူးစေမယ့် ဗီဒီယိုလေးတစ်ခုကို ဖော်ပြလာခဲ့ပါတယ်။

Photo Credit - Poe Mi
Photo Credit - Poe Mi
Photo Credit - Poe Mi
Photo Credit - Poe Mi

ဒါကတော့ သူမကို အားပေးချစ်ခင်ရတဲ့ Fan တစ်ယောက်ရဲ့ မွေးနေ့လေးကို surprise လုပ်ပေးခဲ့တာပါ။ သူမရဲ့ လူမှုကွန်ယက်မှာတော့ ဒီမွေးနေ့လေးပတ်သက်ပြီး ရေးသားရာမှာလည်း " ပြည်မြို့က မွေးနေ့ရှင် Fan ညီမလေးအတွက် သူ့ရဲ့ချစ်သော..က birthday surprise လေး လုပ်ပေးခဲ့တာ …. မွေးနေ့ရှင်တော့ မသိ … ကိုယ်တောင် ရင်တွေ ခုန်ပြီး စိတ်လှုပ်ရှားပြီးပျော်နေမိတာ …" ဆိုပြီ ဖော်ပြထားပါတယ်။ ပရိသတ်တွေကလည်း ပိုးမိ birthday surprise လုပ်ပေးခဲ့တဲ့ ဗီဒီယိုလေးကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။

သတင်း အရင်းအမြစ် Source - Poe Mi

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T