တစ်ချိန်က သားအမိခန်းမှာ သရုပ်ဆောင်ခဲ့ရပေမယ့် လက်ရှိမှာ Son Ye Jin နဲ့ ရွယ်တူဖြစ်လာတဲ့ ကလေးသရုပ်ဆောင်လေး

//s9.kh1.co/59/596cdf45fb79aed4994f9d76e19d4389566bf51c.jpeg
အနုပညာရှင်များ

 ၀၆-လိုင်-၂၀၂၂ ၄pm · လွန်ခဲ့သော ၃ နှစ် က

တစ်ချိန်က သားအမိခန်းမှာ သရုပ်ဆောင်ခဲ့ရပေမယ့် လက်ရှိမှာ Son Ye Jin နဲ့ ရွယ်တူဖြစ်လာတဲ့ ကလေးသရုပ်ဆောင်လေး

တောင်ကိုရီးယား ကလေး သရုပ်ဆောင်လေး Park So Eun ဟာဆိုရင် The Classic လို့ အမည်ရတဲ့ ဇာတ်လမ်းတွဲထဲမှာ မင်းသမီး Son Ye Ji ရဲ့ သမီးအဖြစ် သရုပ်ဆောင်ခဲ့ရတဲ့သူလေးဖြစ်ပါတယ်။The Classic ဇာတ်လမ်းတွဲဟာဆိုရင် Son Ye Jin ရယ် လို့ လူသိများ အောင်မြင်လာခဲ့တဲ့ ဇာတ်လမ်းတွဲတွေထဲကတစ်ကားပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=620,h=331,q=100/20/20d86462d8a3401831e9e1cffd5fbbed153d3b9f.jpeg

ဇာတ်လမ်းတွဲလေးက သားအမိနှစ်ယောက်ကြားက အတိတ်နဲ့ လက်ရှိ အခြေအနေ ကံတူအကျိုးပေး ဘဝအကြောင်း ကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး ခံစားချက် ပြည့်ဝလွန်းတာကြောင့် ပရိသတ်တွေရင်နဲ့ အမျှ ခံစားခဲ့ရတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ဇာတ်လမ်းတွဲထဲမှာ မမ Son Ye Jin ရဲ့ သမီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ ကလေး သရုပ်ဆောင်လေးကPark So Eun ဖြစ်ပါတယ်။ Son Ye Jin ရဲ့ သမီးနေရာကနေ သရုပ်ဆောင်ခဲ့စဉ်တုန်းက Park So Eun က အသက်၇ နှစ်ပဲ ရှိပါသေးတယ်။

https://s9.kh1.co/__image/w=620,h=333,q=100/61/61ebfdb2d70cc6b929dcbe8aa181750966805d17.jpeg

The Classic ဇာတ်လမ်းတွဲ အပြီးမှာလည်း ကလေးသရုပ်ဆောင်လေး Park So Eun က အရံသရုပ်ဆောင်အဖြစ်ဇာတ်ကားများစွာမှာ ပါဝင် သရုပ်ဆောင် ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်နောက်ပိုင်းမှာတော့ Park So Eun က ပညာရေးကြောင့် အနုပညာလှုပ်ရှားမှုတွေ အားလုံးကနေ ရပ်နားခဲ့ပါတယ်။

https://s9.kh1.co/__image/w=620,h=930,q=100/cf/cf4ee2a5263b22e81ffe301c1d1c9ad93c2f9912.jpeg

၂၀၁၄ ခုနှစ် အထက်တန်းကျောင်းပြီးသွားတဲ့ အရွယ်မှာတော့ Park So Eun တစ်ယောက် ဇာတ်ကား ၄ ကားနဲ့အတူ အနုပညာလှုပ်ရှားမှုတွေထဲကို ပြန်ရောက်လာခဲ့ပါတယ်။  

https://s9.kh1.co/__image/w=620,h=395,q=100/7c/7c559005decd5d65f300f89481790d9f07192d04.jpeg

ကံဆိုးစွာနဲ့ပဲ Park So Eun  ဟာ တောင်ကိုရီးယား အနုပညာလှုပ်ရှားမှု နယ်ပယ်မှာ အဓိကဇာတ်ကောင် ဘယ်တော့မှ မဖြစ်ခဲ့ပါဘူး။ အရံ သရုပ်ဆောင်အနေနဲ့သာ ရပ်တည်ခဲ့ရတဲ့ Park So Eun  ဟာ လက်ရှိအချိန်မှာတော့ အသက်၂၆ နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=620,h=930,q=100/37/37814a58965a61d747df25faa024138b420b7cfc.jpeg

 Park So Eun  နောက်ဆုံး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲ နာမည်က “Kill Heel”ပဲ ဖြစ်ပါတယ်။ ပြောင်းလဲမှုတွေ အကြီးကြီးဖြစ်ပြီး ရင့်ကျက်သွားတဲ့ တစ်ချိန်က ကလေး သရုပ်ဆောင်လေး Park So Eun  ဟာလက်ရှိမှာတော့ မမ Son Ye Jin နဲ့ ရွယ်တူလိုတောင် ဖြစ်နေပါပြီ။

https://s9.kh1.co/__image/w=650,h=975,q=100/0e/0eed3431a9d8a2ffb616617597e05b65745dd66c.jpeg

 ချစ်ဖို့ကောင်းပြီး လှပချောမောလာတဲ့ Park So Eun  ရဲ့ ပုံရိပ်လေးတွေကို ဝေမျှရင်း အခုအကြောင်းအရာလေးကို ဖော်ပြပေးလိုက်ပါတယ်။ 

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T