အနုပညာလမ်းပေါ်မှာ နှစ်ပေါင်းများစွာတိုင်အောင် ရပ်တည်လာခဲ့တဲ့ ဟာသလူရွှင်တော် တစ်ယောက်ဖြစ်တဲ့ ဦးမိုးဒီက ပရိသတ်အချစ်တော် တစ်ယောက်ဖြစ်လည်း ဖြစ်ပါတယ်။ အငြိမ့်တွေမှာလည်းဖျော်ဖြေခဲ့သလို ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးခဲ့ပြီး ပရိသတ်ကို ရီမောပျော်ရွှင်အောင် လုပ်နိုင်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။


ဦးမိုးဒီက ယနေ့အချိန်အထိ ပရိသတ်တွေကို ဟာသတွေနဲ့ ဖျော်ဖြေတင်ဆက်နေဆဲပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဦးမိုးဒီက လူရွှင်တော် မိုးစက်နဲ့အတူ ကြောငြာတွေရိုက်ကူးနေရတာလည်းဖြစ်ပါတယ်။ မကြာသေးမီကဘဲ ဦးမိုးဒီက ကျန်းမာရေးမကောင်းလို ခွဲစိတ်ကုသဖိုအတွက် သိန်း(၁၀၀) ကျော်ကုန်ကျမယ်လိုပြောလာတာဖြစ်ပါတယ်။ ချစ်တဲ့ ပရိသတ်တွေနဲ့ စိန်ဆိုင်တစ်ချို့က ဦးမိုးဒီအတွက် အလှူငွေတွေပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်။


ဦးမိုးဒီက ဇွန်လ (၅) ရက်နေ့ကတည်းက ဂရန်း(ဒ်)မ်းဟံသာဆေးရုံမှာ ဆေးရုံတက်နေရတာဖြစ်ပြီး မနေ့ကပဲ ခွဲစိတ်ခန်းဝင်သွားရတာပါ။ သူရဲ့ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး "နေ့လည် (၁)နာရီ ခွဲ မှာ ခွဲစိတ်ခန်း စ ဝင်ပြီးတော့
ညနေ (၅)နာရီ ခွဲ မှာ ခွဲစိတ်ပြီးပါတယ် ။
သွေးကြောချဲ့ ကိရိယာ (၃)ချောင်းထည့်သွင်းရပါတယ်။
ပရိတ်သတ်တွေ စိတ်မပူဖို့နဲ့
အမြန်ကျန်းမာအောင် ဆုတောင်းပေးဖို့ဘဲ
မှာလိုက်ပါတယ်ဗျ။" ဆိုပြီး ပရိသတ်တွေကို အတွက် အခြေအနေလေးကို ပြောပြလာတာပဲ ဖြစ်ပါတယ်။


Source : U Moe De_ဦးမိုးဒီ's FB Acc