Blackpinkအဖွဲ့ရဲ့ နောက်လ comeback ကြေညာအပြီး YG ရဲ့ရှယ်ယာတွေ ထိုးတက်သွားခဲ့...

//s9.kh1.co/67/67e9de8bb77edb2c3e2fbc162b871d2c0c61b67c.jpg
အနုပညာရှင်များ

 ၀၆-လိုင်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၄ နှစ် က

အဖွဲ့ဟာ သူတို့ရဲ့ MTV ကိုယခုလနှောင်းပိုင်းမှာ ရိုက်ကူးဖို့ စီစဉ်ထားပြီး August...

အရင်လတွေထဲက သတင်းတွေ ထွက်နေခဲ့တဲ့ BLACKPINK ရဲ့ comeback ကိုဆိုရင် YG Entertainment  ဘက်က ဒီနေ့မှာပဲ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ BLACKPINK ဟာနောက်လမှာ comeback ပြုလုပ်တော့မည်ဖြစ်ပြီး လက်ရှိမှာတော့ သူတို့ရဲ့ အယ်လ်ဘမ်သစ်ကို ရိုက်ကူးဖို့အတွက် နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

https://s9.kh1.co/__image/w=620,h=414,q=100/52/521d1e70e13cd702b68b7538562880e792693cb6.jpeg

အဖွဲ့ဟာ သူတို့ရဲ့ MTV ကိုယခုလနှောင်းပိုင်းမှာ ရိုက်ကူးဖို့ စီစဉ်ထားပြီး August comeback နဲ့နွေရာသီကို အရှိန်မြှင့်တင်ဖို့ စီစဉ်ထားပါတယ်။ BLACKPINK ဟာ 2020 ခုနှစ်တွင် ၎င်းတို့၏ "How You Like That" နဲ့ "Ice Cream" တို့ပါတဲ့အစအဆုံး အယ်လ်ဘမ် 'The Album' ကို ဖြန့်ချိခဲ့ပြီး နှစ်နှစ်နီးပါးအကြာမှာ ထွက်ရှိလာတဲ့ album ကိုတော်တော်များများက စောင့်မျှော်နေကြပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/d3/d34eb4c437a39603a6b203b0816ddc13a11048b0.jpg

“BLACKPINK ဟာ တေးဂီတများစွာကို အချိန်အတော်ကြာအောင် ပြင်းပြင်းထန်ထန် ကြိုးစားပြင်ဆင်ထားပါတယ်။ BLACKPINK ဟာ ယခုနှစ်မကုန်မီ K-Pop မိန်းကလေးအဖွဲ့အတွက် ကမ္ဘာလှည့်ဖျော်ဖြေပွဲအဖြစ် သူတို့ရဲ့ ဆက်ဆံရေးကို

https://s9.kh1.co/__image/w=620,h=412,q=100/fb/fb648dbf9e0ad3556d8849ae83f2bb8e76394926.webp

ချဲ့ထွင်နိုင်ရန်နဲ့ ကမ္ဘာတစ်ဝှမ်းရှိ ပရိသတ်များထံ ဆက်သွယ်နိုင်ရန် သူတို့ရဲ့ comeback ကိုစတင်ပြီး အဖွဲ့အတွက် အကြီးစား ပရောဂျက်များကိုလည်း ဆက်လက်လုပ်ဆောင်သွားပါမယ်လို့” YG Entertainment ဘက်ကထုတ်ပြန်ထားပါတယ်။

https://s9.kh1.co/__image/w=620,h=620,q=100/3f/3f6a410ee6dfb9c59d9876f354279f6ce0570631.webp

တဆက်တည်းမှာပဲ BLACKPINK ရဲ့ comeback သတင်းကြောင့် YG ရှယ်ယာဈေးတွေ တဟုန်ထိုးတက်လာခဲ့ပါတယ်။ Korea Exchange ရဲ့ အဆိုအရ နံနက် ၁၀ နာရီ ၄၂ မိနစ်မှာ YG Entertainment ဟာ ဝမ် 5,300 နှင့် 4,250 ဝမ်အထိ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်ကုန်သွယ်မှုနေ့ထက် 9.23 တိုးခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=420,q=100/26/26926d393780ddac342343049ea43489776ee4e2.webp

YG စတော့ရှယ်ယာများသည် အစပိုင်းမှာငြိမ်နေပေမယ့်လည်း BLACKPINK ရဲ့ comeback သတင်း ပြန့်နှံ့လာပြီးတဲ့နောက် ဝမ် 51,400 အထိ 11% တိုးလာခဲ့ကြောင်း သိရပါတယ်။

Photos-credit

သတင်း အရင်းအမြစ် KBIZoom

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T