အမိုက်စား ကကွက် တွေနဲ့ တေးသီချင်းတွေကြောင့် မြန်မာ အမျိုးသမီး ပရိသတ်များအကြားသာမက နိုင်ငံရပ်ခြားမှ ပရိသတ်များရဲ့ အားပေး ထောက်ခံမှု ရရှိထားတဲ့ အဖွဲ့လို့ဆိုလာရင်တော့ Project K အဖွဲ့ကို ပဲ ဖော်ပြရမှာဖြစ်ပါတယ်။


Project K အဖွဲ့ ထဲက Morris ဟာ လက်ရှိမှာ ငွေကြေးအရှုပ်အရှင်းပြဿနာများ နဲ့ ရင်ဆိုင်နေရပြီး Project K အဖွဲ့မှလည်း ထွက်ခွာသွားပြီဖြစ်ပါတယ်။ Morris ဟာ အပြင်လူတွေနဲ့ ငွေကြေး အရှုပ်အရှင်းပြဿနာများဖြစ်ရုံသာမက Project K အဖွဲ့ဝင်များထံမှလည်း ငွေကြေး လိမ်လည်မှုများပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး Project K အဖွဲ့ဝင် ချမ်းမြေ့ဦး ကလည်း Morris ထံမှ ငွေကြေး လိမ်လည်ခံရသူများထဲတွင် သူနဲ့အတူ တစ်ဖွဲ့လုံးပါဝင်ကြောင်း ၊ အဖွဲ့ထဲတွင် သူ က ငွေကြေးအများဆုံးလိမ်ခံရသူ ဖြစ်ကြောင်း ၊ သူ့အနေနဲ့ လည်း အရင်းနှီးဆုံး သူငယ်ချင်းက နောက်ကျောကိုဓားနဲ့ထိုးခံခဲ့ရတဲ့အတွက်အတော်လေးစိတ်မကောင်းဖြစ်ရကြောင်း ရှင်းပြထားပါတယ်။ ပရိသတ်ကြီးအနေနဲ့လည်း ပြဿနာ ကို သေချာအသေးစိတ်သိရှိနိုင်စေရန်ဖော်ပြလိုက်ရပါတယ်။




