ပရဟိတ မင်းသမီးကြီး ခိုင်နှင်းဝေကတော့ အကြောင်း အမျိုးမျိုးကြောင့် စွန့်ပစ်ခံရတဲ့ ကလေးငယ်တွေကိုတရားဝင် ခေါ်ယူ မွေးစား ပြုစုစောင့်ရှောက် ပေးနေတာကို ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။ ကလေးတွေကို သူ့ရဲ့ သားသမီးအရင်းတွေပမာ ဝေယျာဝစ္စတွေကအစ သူကိုယ်တိုင် လုပ်ကိုင်ပြီး မေတ္တာအပြည့်နဲ့ စောင့်ရှောက်နေခဲ့တာပဲဖြစ်ပါတယ်။


ပရိသတ်တွေရဲ့ လိုအပ်တဲ့ချက်တွေကို အမြဲဖြည့်ဆည်းပေးကာ လှူတန်းပေးနေတာလည်းဖြစ်ပါတယ်။ ခိုင်နှင်းဝေရဲ့ မွန်မြတ်လှတဲ့ပရဟိတစိတ်ဓာတ်လေးနဲ့ အလှူအတန်းတွေကြောင့် ပရိသတ်တွေကလည်း သူမကို လေးစားဂုဏ်ယူနေကြတာဖြစ်ပါတယ်။


မေတ္တာပြည့်ဝသူ ပီပီ ခိုင်နှင်းဝေဟာ အိမ်မှာခေါ်ယူမွေးထားတဲ့ ခွေးလေးဆုံးသွားတာ နှစ်တွေကြာသွားတာတောင်ယနေ့တိုင်အောက်မေ့နေသတိရနေဆဲပဲ ဖြစ်ပါတယ်။ "ဘယ် ဘဝ များ ရောက်နေပါလိမ့် ? “ မေ့မရတဲ့အကြောင်းလေးကို အရင် Memories လေးတွေကို ပြန်share ပြီးပြောပြလာတာပဲ ဖြစ်ပါတယ်။








Photo Credit & Source : Khine Hnin Wai’s Fb Acc





