BLACKPINK အဖွဲ့ဝင် Ji-soo ရဲ့ ပွဲဦးထွက် ဒရာမာ ဖြစ်တဲ့ “Snowdrop”က 2022 SEC Awards ပွဲရှိ ဆုတွေကို သိမ်းကြုံးရရှိ

//s9.kh1.co/8e/8e7862548f1a98350840d81410d70e5b55bb9888.jpg
အနုပညာရှင်များ

 ၀၅-လိုင်-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

BLACKPINK အဖွဲ့ဝင် Ji-soo ရဲ့ ပွဲဦးထွက် ဒရာမာဇာတ်လမ်းတွဲဖြစ်တဲ့ “Snowdrop” ဟာ ဘရာဇီးရဲ့ 2022 SEC Awards ရှိ ဆုတွေကို ရရှိခဲ့ပါတယ်။ The Séries em Cen (SEC) Awards ဆိုတာက နှစ်စဉ်နှစ်တိုင်း အကောင်းဆုံး တီဗီစီးရီးတွေ၊ ရုပ်ရှင်တွေ၊ သီချင်းတွေနှင့် နာမည်ကြီးတွေကို ဆုပေးအပ်တဲ့ နိုင်ငံခြားဆုပေးပွဲ အခမ်းအနားတစ်ခုဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=430,q=100/e6/e653e812c4b7ba01ed550f9e70cda855c1a37081.webp

ဘရာဇီးနိုင်ငံ၊ São Paulo ရှိ 2022 Séries em Cen (SEC) ဆုပေးပွဲရဲ့ ၂ လကြာ လူထုမဲပေးမှု ရလဒ်  အဆုံးအဖြတ်အရ Ji-soo ဟာ “ Best Feature in Asian Series” ဆုအမျိုးအစားကို ရရှိခဲ့တဲ့အပြင် JTBC ရဲ့ ဒရာမာ “Snowdrop” ဟာလည်း ‘Best Asian Series’ ကို ရရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=530,h=530,q=100/97/9746b9fd57d53fcc9d088d25cd6083c91f85ee50.webp

Snowdrop ဇာတ်လမ်းတွဲကို Yoon Hyun-mi က ဇာတ်ညွှန်းရေးသားပြီး Jo Hyuk-tak က ဒါရိုက်တာအဖြစ်တာဝန်ယူရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ Ji-soo ဟာ Hosu Women's University ရဲ့ အင်္ဂလိပ်ဌာနမှ ဖြူစင်ပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ပထမနှစ်ကျောင်းသူ အွန်ယောင်ရို အဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=413,q=100/86/867255bfd5e4f78c9ac0a4aa0597497e41b3cbd0.jpeg

The Séries em Cen (SEC) Awards တွေထဲမှာ ရုပ်ပိုင်းဆိုင်ရာဆုများလည်း ပါဝင်ပြီး ဆုပေးတဲ့စနစ်ကိုတော့ လူကြိုက်အများဆုံးမဲပေးစနစ်နဲ့ ဆုံးဖြတ်တာပဲဖြစ်ပါတယ်။ Jisoo ကတော့ ပထမဆုံးခေါင်းဆောင်မင်းသမီးဖြစ်ခဲ့တဲ့ ဇာတ်ကားမှာတင် အောင်မြင်မှုတွေ အကြီးအကျယ်ရရှိနေတာပါ။

https://s9.kh1.co/__image/w=650,h=434,q=100/06/0694fe7a2edbce451e35a73a4deeeddf90805ca0.webp

source - kbizoom

Rain
Rain

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T