မိဘနှစ်ပါးအပေါ်ကို အရမ်းသိတတ်လိမ္မာလွန်းတဲ့ သားလေးဖြစ်ကြောင်း သက်သေပြခဲ့တဲ့ ပိုင်တံခွန်

//s9.kh1.co/d9/d9d57cb9a2fea54d4cb938163fc06a029c752f80.jpg
အနုပညာရှင်များ

 ၀၅-လိုင်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၄ နှစ် က

သူဒုက္ခရောက်တဲ့အချိန်ဆို သူ့မိဘကို အရင် စိတ်ပူတယ်တဲ့ ... သူမရှိရင် သူ့မိဘတွေ ဘယ်လိုနေမလဲဆိုပြီး

မော်ဒယ်လောက ကနေတစ်ဆင့် အနုပညာလမ်းပေါ်ကို လျှောက်လှမ်းလာခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့တဲ့သူကတော့ ပြည်သူ့မင်းသားချော ပိုင်တံခွန်ပဲဖြစ်ပါတယ်။ ပိုင်တံခွန်က မြန်မာနိုင်ငံမှာသာမက အရှေ့တောင် အာရှနိုင်ငံများဖြစ်တဲ့ ထိုင်း ဗီယက်နမ် တရုတ် စတဲ့နိုင်ငံတွေ အပြင် ဥရောပနိုင်ငံတစ်ချို့က ပရိတ်သတ်တွေပါအားပေးခြင်းခံခဲ့ရတဲ့မင်းသားတစ်ဦးဖြစ်ပါတယ်။

Photo Credit : Paing Takhon's FB Acc
Photo Credit : Paing Takhon's FB Acc
Photo Credit : Paing Takhon's FB Acc
Photo Credit : Paing Takhon's FB Acc

ကြင်နာတတ်ပြီး စိတ်ထားနူးညံ့တဲ့ ပိုင်တံခွန်က တိရစ္ဆာန်လေးတွေကိုလည်း ချစ်တဲ့သူဖြစ်ပြီး သူ့ရဲ့အိမ်မှာလည်းကြောင်လေး ခွေးလေးတွေ အပြင် ရေသတ္တဝါမျိုးစုံ၊ လိပ်လေးတွေ၊ ကမ္ဘာ့အသေးဆုံး ဆိတ်လေး၊ ခရုနဲ့ ပုတ်သင်ညိုလေးပါတွေ မွေးထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုင်တံခွန်က မိဘနှစ်ပါးကို အရမ်းတန်ဖိုးထား သူဖြစ်ပြီး ကိုယ်တိုင်ရှာဖွေထားတဲ့ အနုပညာကြေးတွေနဲ့ လုပ်ကျွေးပြုစုနေတာ ဖြစ်ပါတယ်။

Photo Credit : Paing Takhon's FB Acc
Photo Credit : Paing Takhon's FB Acc
Photo Credit : Paing Takhon's FB Acc
Photo Credit : Paing Takhon's FB Acc

သားလိမ္မာလေး ပိုင်တံခွန်က လွန်ခဲ့တဲ့ ၂ နှစ်တုန်းက မိဘနှစ်ပါးစိတ်ကြိုက် အိမ်ကြီးကို တည်ဆောက်ပြီး Surprised လုပ်ပေးခဲ့တဲ့ Videoလေးကို ပြန် Share ပြီး မိဘအပေါ်မှာ ထားတဲ့ သူ့ခံစားချက်လေးကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်က "ကို ဒုက္ခရောက်တဲ့အချိန်ဆို ကို့မိဘကို အရင် စိတ်ပူတယ်

ငါမရှိရင် ငါမိဘတွေ ဘယ်လိုနေမလဲဆိုပြီး" ပြီး သူ့ရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။ မိဘအပေါ်ကို သိတတ်လွန်းတဲ့ပိုင်တံခွန်လေး ဒီထက်မက အောင်မြင်ပါစေနော် ...

Photo Credit : Paing Takhon's FB Acc
Photo Credit : Paing Takhon's FB Acc
Photo Credit : Paing Takhon's FB Acc
Photo Credit : Paing Takhon's FB Acc

သတင်း အရင်းအမြစ် Paing Takhon's FB Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T