လူရဲ့ ကျင်ငယ်ရည်နဲ့ မစင်ကို ရောမတွေ အသုံးပြုခဲ့ကြတဲ့ နည်းလမ်း ၆ သွယ်

//s9.kh1.co/f2/f2a9eecd485a4f7c809bc27d936c95193dff1415.jpg
MPT

 ၀၄-လိုင်-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

လူရဲ့ ကျင်ငယ်ရည်နဲ့ မစင်ကို ရောမတွေ အသုံးပြုခဲ့ကြတဲ့ နည်းလမ်း ၆ သွယ်

ပညာရှင်တွေရဲ့ လေ့လာမှုအရ ရှေးခေတ် ရောမလူမျိုးတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်အညစ်အကြေးတွေကို ပြန်လည်အသုံးပြုခဲ့ကြပါတယ်တဲ့။ သူတို့ဟာ ဆီးနဲ့ မစင်များကို နေ့စဉ်ဘဝတွင် အနည်းဆုံး မတူညီတဲ့ နည်းလမ်း ခြောက်မျိုးဖြင့် အသုံးပြုခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=602,h=275,q=100/f6/f6c1412e31c1e66f718e5b994ec55e2416b31e36.jpg

၁။ သွားဖြူအောင်

ကြာရှည်စွာ ထားတဲ့အခါ ဆီးဟာ အမိုးနီးယားအဖြစ်ကို ပြိုကွဲသွားပြီး အစွန်းအထင်းများကို လွယ်ကူစွာ ဖယ်ရှားပေးနိုင်တဲ့ သန့်စင်ဆေးကောင်းတစ်ခုဖြစ်လာပါတယ်။ ကတ်ထလက်စ် လို ရောမစာရေးဆရာများဟာ သွားများကိုဖြူစင်စေတဲ့ ခံတွင်းဆေးအဖြစ် လူနှင့်တိရစ္ဆာန် ကျင်ငယ်ရည်နှစ်မျိုးလုံးကို အသုံးပြုပြီး လူတို့ကို သက်သေပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=390,q=100/d2/d2a8bc1fa670b6a99a65649bd0ed4a024a36098f.jpg

၂။ အရည်ရွှမ်းသောအသီးများ စိုက်ပျိုးခြင်း

ဆီးတွင် နိုက်ထရိုဂျင်နှင့် ဖော့စဖရပ်တို့ ပါဝင်ပြီး အပင်ကြီးထွားမှုအတွက် အသုံးဝင်ပါတယ်။ ရောမစာရေးဆရာ ကော်လန်မီလာဟာ သလဲသီးကြီးထွားမှုအတွက် အထူးအသုံးဝင်ပြီး အသီးတွေကို အရည်ရွှမ်းပြီး အရသာရှိစေကြောင်း ရေးသားခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=300,q=100/3d/3d162dab6322505549e01ed31df4d9dbc38fd363.jpg

၃။ ရှေးခေတ် ရောမဝတ်စုံတွေကို တောက်ပပြီး အရောင်အသွေးစုံအောင်လုပ်ခြင်း

ဆီးထဲရှိ အမိုးနီးယားကို တိုဂတ်စ် ( ‌ရှေးခေတ်ရောမဝတ်စုံ ) သန့်စင်ရန်အတွက်လည်း အသုံးပြုပါတယ်။ သန့်ရှင်းရေးရဲ့ပထမအဆင့်မှာ ယောက်ျားများဟာ ကျင်ငယ်ရည်တွေအပြည့်ထည့်ထားတဲ့ ပုလင်းကြီးထဲကို တိုဂတ်စ်တွေထည့်ပြီး ခုန်ကြပါတယ်။ ဒုတိယအဆင့်ကတော့ အညစ်အကြေး သို့မဟုတ် ပြာများ ပါဝင်လေ့ရှိပါတယ်။ နှစ်ခုစလုံးဟု တိုဂတ်စ်ပေါ်မှာ စုပုံ‌နေတဲ့ အဆီများကို ပျော်ဝင်စေပြီး ပြန်လည်တောက်ပစေပါတယ်။ သက်ရှိအဝတ်လျှော်စက်လိုပါပဲ။

https://s9.kh1.co/__image/w=650,h=432,q=100/13/139168c58b24f5256882a0955bfad14ae4a886bf.jpg

၄။ ရောဂါရှိသော တိရစ္ဆာန်များကို ကုသခြင်း

ရောမစာရေးဆရာ ကော်လန်မီလာက လူသားတွေရဲ့ ကျင်ငယ်ရည်ကို တိရစ္ဆာန်ဆေးကုသရေးအတွက် အသုံးပြုနိုင်ကြောင်း ရေးသားခဲ့ပါတယ်။ သည်းခြေပြဿနာရှိတဲ့ သိုးများကို လူ့ကျင်ငယ်ရည် သောက်ခိုင်းပြီး အဆုတ်ပြဿနာရှိတဲ့ သိုးတွေကို နှာခေါင်းကနေ ထည့်သွင်း ဆီးပေးနိုင်ပါတယ်။ ဖျားနေတဲ့ ပျားတွေကိုလည်း လူရဲ့ ဆီးကို ပေးသုံးဆောင်ပြီး ငှက်တွေ တုပ်ကွေးဖြစ်တဲ့အခါကျရင်လည်း သူတို့ရဲ့ နှုတ်သီးပေါ်ကို ဆီးပူစပ်စပ် တင်ထားခြင်းဖြင့် ပျောက်ကင်းသွား‌စေနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=457,q=100/df/dfecc3d67b718013a28a29ac359c9f4bbbeea834.webp

၅။ အရောင်ဖျော့ခြင်း

ရောမလူမျိုးများဟာ ဆီး၊ ခွေးမစင်များနှင့် တစ်ခါတစ်ရံမှာ လူရဲ့မစင်များကို အရောင်ဖျော့ရန် မကြာခဏအသုံးပြုကြပါတယ်။ သူတို့ကိုယ် သူတို့ နေလောင်ခံဖို့အတွက် သုံးတာမဟုတ်ပါဘူး။ သားရေပြုလုပ်ရန်အတွက်လည်း မကြာခဏ အသုံးပြုကြတာပါ။ သားရေကို ဆီးထဲမှာ ကြာကြာစိမ်ထားရင် အမွှေးအမျှင်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ပြီးရင် မစင်တွေနဲ့ တစ်ခါတစ်လေ နာရီပိုင်းကြ‌ာအောင် ကြိတ်ပါတယ်။ မစင်ရှိ ဘက်တီးရီးယားများမှ ပြုလုပ်တဲ့ အင်ဇိုင်းများဟာ သားရေကို နူးညံ့စေပြီး ပိုမိုပျော့ပျောင်းစေပါတယ်။

https://s9.kh1.co/__image/w=650,h=462,q=100/b0/b0ef67fc8699ac3a3a7edb9650530ed243b1de9d.jpg

၆။ မြေဩဇာ လယ်များ“ညဉ့်မြေ” လို့လည်း လူသိများတဲ့ လူမစင်မှပြုလုပ်တဲ့ မြေဩဇာဟာ အပင်များကြီးထွားရန် ကူညီပေးပါတယ်။ ဒါပေမယ့် ဒါဟာ ရောဂါပြန့်ပွားမှုကိုလည်း ကူညီပေးနိုင်ပါတယ်။ ရောမလူမျိုးများဟာ လူသားတွေရဲ့ မစင်နဲ့ ကျင်ငယ်ရည်ကို စိုက်ပျိုးရေးလယ်ထဲမှာ အပင်တွေကို အာဟာရဖြစ်စေရန် အသုံးပြုတတ်ကြပါတယ်။ ရောမခေတ်မှာ ကျန်းမာရေးနှင့်ညီညွတ်တဲ့ မစင်များရောင်းဝယ်ဖောက်ကားမှုတစ်ခု ရှိပုံရပါတယ်။ အဲ့ဒီလူတွေကို " မစင်စုဆောင်းသူ " လို့ ခေါ်ပြီး သူတို့က မစင်တွေစုပြီး ပြန်ရောင်းကြပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T