ချစ်သူအသစ်လေးနဲ့ စေ့စပ်လိုက်ပြီဖြစ်ကြောင်း ပုံလေးနဲ့ တကွချပြလာတဲ့ Weir

//s9.kh1.co/a2/a26ba9ba5f0e56ee3bf783f99e1672d7c9b8a59f.jpg
အနုပညာရှင်များ

 ၀၄-လိုင်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

သူ့ရဲ့ Instagram မှာ ချစ်သူအသစ်လေးနဲ့ ပတ်သက်ပြီး ပထမဆုံးပုံတင်တာကို... တင်တဲ့ပုံက စေ့စပ်လက်စွပ် စွပ်နေတဲ့ ပုံတဲ့လား

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းကြယ်ပွင့်တစ်ဦးဖြစ်တဲ့ weir sukollawat kanarot ကတော့ အနုပညာရှင်လောကထဲက မဟုတ်တဲ့ ကောင်မလေးနဲ့ စေ့စပ်လိုက်ပြီဖြစ်ကြောင်းကို ဇွန်လ (၃) ရက်နေ့က သူ့ရဲ့ Instagram Acc ကနေ ပရိသတ်တွေကို ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။ သူရဲ့ကောင်မလေးကတော့ ထိုင်းတော်ဝင်မျိုးရိုးက အရမ်းကို ချမ်းသာတဲ့ကောင်မလေးဖြစ်ပြီး Vicki လို့ခေါ်တဲ့ သူမက မိသားစုရဲ့ အမွေတွေကို ဆက်ခံမယ့်သမီးလေးဖြစ်တဲ့အပြင် ပညာအရည်အချင်းကလည်း နိုင်ငံခြားကနေ မဟာဘွဲ့ယူထားတဲ့သူဖြစ်ပါတယ်။

Photo Credit: Google
Photo Credit: Google
Photo Credit: Google
Photo Credit: Google

သူတို့နှစ်ယောက်တွဲနေတယ်ဆိုတဲ့သတင်းဟာ ဇွန်လလယ်လောက်ထဲက သတင်းတွေထွက်ခဲ့ပြီး အခုဇူလိုင်လမှာတော့ တရားဝင်စေ့စပ်လိုက်ပြီပဲဖြစ်ပါတယ်။ Weir ဟာ ဇူလိုင်လ 01 ရက်နေ့က ပွဲတစ်ခုကို တက်ရောက်ခဲ့ပြီး ရည်းစားဖြစ်သူ Vicky နဲ့ ဇူလိုင်လ 17 ရက်နေ့မှာ တရားဝင် လက်ထပ်တော့မယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် မင်္ဂလာဆောင်ပြီးတာနဲ့ ကလေးလေးတွေ တန်းယူမယ်ဆိုတာကိုလည်း ထုတ်ဖော်ပြောခဲ့ပါသေးတယ်။

Photo Credit: daradaily.com
Photo Credit: daradaily.com
Photo Credit: daradaily.com
Photo Credit: daradaily.com

မနေ့က ဇူလိုင်လ (၃) ရက်နေ့မှာတော့ Weir က သူရဲ့ Instagram Account ကနေ"ဇာတ်လမ်းတွေ ရုပ်ရှင်တွေထဲမှာပဲ အဲ့လိုဝတ်ပေးဖူးတာ... အခုတော့ တကယ့်လက်တွေ့မှာ ဝတ်ဆင်ခွင့်ရခဲ့ပါပြီ.. ကျွန်တော်တို့နှစ်ဦးရဲ့ စေ့စပ်ပွဲနဲ့ ပတ်သက်ပြီး ဂုဏ်ပြုပေးတဲ့သူတွေ၊ ကျွန်တော်တို့ကို အရာရာ Support ပေးတဲ့သူတွေတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများပြီးတင်ပါတယ်!!! 5-4-3-2-1 Actionnnnnnn" ဆိုပြီး ရိုဆန်ဆန်စာသားတွေနဲ့ အတူ ကောင်မလေးကိုလက်စွပ်ဝတ်ပေးနေတဲ့ ပုံလေးနဲ့ တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Credit: weir19's IG Acc
Photo Credit: weir19's IG Acc
Photo Credit: daradaily.com
Photo Credit: daradaily.com

Weir ရဲ့ မိခင်ဖြစ်သူကလည်း "Another best day of my life and our family!!❤️congratulations to you both! Love you ❤️❤️" ဆိုပြီး သားဖြစ်သူရဲ့ Post အောက်မှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ Comment ဝင်ရေးထားတာပဲ ဖြစ်ပါတယ်။ လပိုင်းလလောက်လေးပဲတွဲပြီး တစ်ဘဝလုံး လက်တွဲသွားနိုင်တာ မယုံနိုင်အောင်ပါပဲနော်.. အရမ်းကိုချမ်းသာတဲ့ ကောင်မလေးကို ပိုင်ဆိုင်ထားရပြီမို့ မကြာခင်မှာ အရမ်းကို ခမ်းနားကြီးကျယ်တဲ့ မင်္ဂလာပွဲကြီးကို တွေ့မြင်ရတော့မှာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=536,h=159,q=100/49/49cc8f4e739c54866e4edd2be8f6fa4120c2a5c3.png
Photo Credit: daradaily.com
Photo Credit: daradaily.com

သတင်း အရင်းအမြစ်daradaily.com

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T